Pages

Saturday, November 12, 2011

ဟိုမရောက် ဒီမရောက်လူတန်းစား

မနေ့က ဖေ့ဘွတ်မှာ မြန်မာပြည်က အဆိုတော်မတယောက်ရဲ့ အင်တာဗျူးအကြောင်းဖတ်လိုက်ရတယ်။
ဘာတွေ ပြောသွားမှန်းကို မသိဘူး။ ပြည်သူတွေက အဆိုတော်တယောက်ကို လက်မခံနိုင်တာနဲ့ပဲ ဟိုမရောက်
ဒီမရောက် လူတန်းစားရောက်သွားပါရောလား။ အဲဒါနဲ့ ပတ်သက်ပြီး ကဗျာတပုဒ် ထွက်လာသေးတယ်။
ကဗျာကို ကြိုက်လို့ ဘလော့မှာရှယ်လိုက်တယ်။း) ပုံကိုလဲ ရှားရှားပါးပါးရှာပြီး တွဲတင်နိုင်ကြတယ်။း)



အသားတော် နက်မှောင်စို

ညိုတိုတို မျက်နှာပေးနဲ့

မြင်မြင်သမျှ စိတ်ပျက်အောင်လှပါတဲ့

မဖြူဖြူ...

မင်းရဲ့ငြူစူ ကြောင်အူအူနဲ့

ပြောခဲ့တဲ့စကားအတိုင်း

ဖိုးသိကြားတယောက်

ဟိုမရောက်ဒီမရောက်လို့ပဲဆိုချင်ဆို

မင်းကိုတော့ မေတ္တာမပိုနိုင်ဘူး..

သက်တမ်းကဖြင့် ၁၀နှစ်ရှိသေးဘူး

အရူးချီးပန်း စကားတွေနဲ့

ပရိတ်သတ်ကို စော်ကား

စီနီယာတွေကိုမလေးမစား

တေးသွားတွေမှာ ပါဖောင့်မန့်စခဲ့သူလို့

ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ပိန်းပါတဲ့

ဖြူဖြူကျော်သိန်းရေ...

မပြုံးဘဲဝါးလုံးကွဲသာ ရယ်လိုက်ချင်ပါရဲ့

ဟား..ဟား..ဟား..ဟား..

ကြွားချက်ကတော့ 9 လောက်ရှိတယ်

တကယ်မသိသေးရင်မှတ်ထား

ဇာတ်ဆရာရဲ့အလိုကျ

အမေရိကားရောက်သွားတဲ့

(မ)အေးချမ်းမေတယောက်

ပါဖောင်းမန့်လမ်းကို လျှောက်တုန်းက

မင်း.ဘယ်ရောက်နေသလဲ..

မကြည့်ဖူးရင် ပြန်မေးကြည့်

ဖိုးသိကြားတောင် ကလေးအတွေးနဲ့

မှတ်မိနေသေး.. အဟေး..ဟေး

သူ့ကို အားပေးနေကြတာ

သန်းပေါင်းများစွာသောပရိတ်သတ်တဲ့ဗျာ

ထိုအထဲမှာ ကလေးတွေပေါ

ခွေးတွေရောနေတာကော

ထည့်မပြောဘူးလားခင်ဗျ

ကြည့်လိုက်သမျှ မျက်စိနောက်ရပါတဲ့

မဖြူဖြူ...

အိမ်ကအောက်နက် ဂုတ်ကျားတို့များ

တရားသံသာ မနာရင်နေမယ်

စင်ပေါ်ပတ်ခုန် လေးဘက်စုံရပ်

ခလုတ်တိုက်လဲတဲ့ သူတို့ဟီရိုးဆိုရင်

ဟာမိုနီတောင် လိုက်ကြပါသေး

စိတ်ကြိုက်တေးတွေထင်ပါရဲ့..

တယောက်စကား တယောက်နားမှာ

မခါးရအောင် သတိဆောင်လို့

မောင်တို့ဆိုစေ ပျားသကာသို့ ချိုလှစေ..တဲ့

ကြားဖူးပါသလား..

ခါးတမာလို စကားဆိုပါတဲ့

မဖြူဖြူ...

ဖိုးသိကြားနဲ့ စိတ်ချင်းဟပ်တဲ့

သန်းပေါင်းများစွာသော ပရိတ်သတ်ဟာ

မင်းရဲ့ထော်လော်ကန့်လန့်စကားမှာ

ဇော်ကန့်လန့်တွေ ဖြစ်ကြရမှာလား

မှားသွားပြီ.. အကြီးကြီးကိုမှားသွားပြီ..။

ပရိတ်သတ်ရဲ့ ရွေးချယ်မှုမှာ

ငြင်းပယ်ပိုင်ခွင့် ရှိလို့လား

အနုပညာရှင်ကြီးရယ်

မင်းရဲ့ညစ်ကျယ်ကျယ် အပြောအောက်မှာ

တို့တွေက ဟိုမရောက်ဒီမရောက်တဲ့လား..ဟဟ

ဒီမှာဖြူဖြူ မင်းသိထားဖို့

နောက်ဆုံးစကား မှတ်ချက်ထားခဲ့မယ်

နောက်များဆင်ခြင် သတိယှဉ်လို့

စကားအရာ လိမ်မာပါစေ..။

ဒီအချိုးသာ ဆက်သွားပါက

မင်းရဲ့ပရိတ်သတ် အခြားတဘက်မှာ

ရပ်တည်သွားလိမ့်မယ်ဆိုတာ

သဘောပေါက်..


ဖိုးသိကြား(ဟိုမရောက်ဒီမရောက်)

အောက်ပုံက သူ့အင်တာဗျူးပါ။ ပညာတတ်ပါးစပ်ကလဲ ဒီလိုစကားတွေပြောထွက်ပါလားနော်။


7 comments:

TZH1985 said...

Frog in the pond! :P

blackroze said...

ဘာမှကိုမပြောလိုတော့ပါဘူးကွယ်..

ဟန်ကြည် said...

ဖဘမှာ တွေ့ကတည်းက ဒေါဖောင်းနေတာ...ဘလော့မှာပါ ထပ်တွေ့ရတော့တာပဲ...အနုပညာဆိုတာ ကိုယ်ကြိုက်သလို ခံစားခွင့်ရှိတယ်ဆိုတာကို နားမလည်ဘဲ အနုပညာရှင်ဖြစ်နေတာ ရင်နာလို့မဆုံးတော့ပါဘူး...ထပ်ပြောရင်လည်း ဒေါကန်ရုံပဲရှိတာမို့ ကိုယ့်ဖာသာပဲ ပို့စ်တစ်ပုဒ်ရေးပြီး စိတ်ရှိလက်ရှိ ပေါက်ကွဲတာပဲ ကောင်းပါတယ်...

...အလင်းစက်များ said...

ဖဘမှာ အဲ့သည် သတင်း ဖတ်လိုက်ရတယ်။ အစပိုင်းက လက်ခံပါတယ်။ အဲ့လို လေပြောနည်းနည်း ကြီးလာတော့ သိပ် မလက်မခံချင်တော့ဘူးရယ်။

ဒီနေ့ ပဲ My Heart Will Go On ကို မူရင်းအတိုင်း ဆိုထားတာ ပြန်နားထောင်ဖြစ်တယ်။ မဆိုးပါဘူး။ ဒါပေမယ့် စိတ်ထဲ အိုင်ပီ အောက်နေတော့ တစ်မျိုးဖြစ်သွားတယ်။

သီချင်းလေး လာနားထောင်တာ ကျေးဇူးပါ။

ဆယ်တန်းအောင်တုန်းက ဘ၀လေး ပြန်တမ်းတ မိနေလို့  အဲ့ဒါလေး တင်လိုက်မိတာ။

ကျေးကျေးနော်။

mabaydar said...

ဒီအကြောင်းနဲ့ပတ်သတ်ပြီး မဗေဒါ ရှုထောင့်နဲ့ အမြင်ကနေ ရေးမလို့စဉ်းစားထားသေးတယ်... မရေးဖြစ်သေးတာ... သူတစ်ယောက်ယောက်ကို စောင်းပြောချင်တာ အပြောမတတ်တော့ ပရိတ်သတ်ကို ဆဲသလိုဖြစ်သွားတယ်ထင်တယ်.. ဒါပေမဲ့ သူခုလိုပြောတာတော့ သူ့အမှားပဲ... ကိုယ်က အပြည့်အစုံမသိတော့လဲ ခန့်မှန်းယုံပဲရှိတယ်...

ကြယ်စင်အလင်း said...

ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ကြတဲ့
အကိုမောင်သန့်၊ blackrose၊ ဟန်ကြည်၊ ကိုလတ်နဲ့ မဗေဒါတို့ကို ကျေးဇူးကမ္ဘာပါဗျ။

ကျွန်တော်က အစကတည်းက သူ့သီချင်းတွေ နားမထောင်တော့ သိပ်မသိပါဘူး။ မဗေဒါပြောသလိုပဲ
တယောက်ယောက်ကို ရည်ညွန်းပြောချင်နေတယ်လို့လဲ ကျွန်တော်ထင်နေတာပါပဲ။ သူလဲ စိတ်တိုတိုနဲ့ ပြော
မိပြောရာပြောသွားတာနေမယ်။

ငြိမ်းစိုးဦး said...

သူ့လုပ်ရပ်တွေမှာ တချို့စကားတွေ ၊ ပြုမူပုံတွေက နည်းနည်း လွန်ကဲတတ်တာကို သတိထားမိပါတယ် ။ လူငယ်ဖြစ်ပြီး အောင်မြင်နေချိန်မှာ စိတ်လွတ်သွားတတ်တာမျိုးလို့ ယူဆမိပါတယ် ။ ပညာကို တန်ဖိုးထားသူလို့ ယူဆနိုင်တြဲ့ လုပ်ရပ်များကိုလည်း ဆောင်ရွက်နေတာတွေ့ရပါတယ် ။ အချိန်တစ်ခုမျာ တည်ငြိမ်သွားမယ်ထင်ပါတယ် ...