Pages

Sunday, November 27, 2011

The Big Picture-2

Oktoberfest 2011

ဂျာမနီ နိုင်ငံ မြူးနစ်မြို.မှာ စက်တင်ဘာလ နောက်ဆုံးပတ်ကနေ အောက်တိုဘာလ ပထမ ပတ်လောက်ထိ၁၆ - ၁ဂ ရက်ကြာ ကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံးဘီယာပွဲတော် Oktoberfest ကို ဒီနှစ် ၂၀၁၁ မှာတော့ လူပေါင်း၆ သန်းလောက်က တက်ရောက်ဆင်နွဲခဲ့ကြတယ်။ ပွဲတော်ကို ၁၈၁၀ခုနှစ် က စတင်ခဲ့ပါတယ်။ ဒီပွဲအတွက် သတ်မှတ်ထားတဲ့ ဘီယာကတော့ မြူးနစ်မြို.ဧရိယာအတွင်းက ထုတ်တဲ့ဘီယာပဲ ဖြစ်ရပါမယ်တဲ့။ ကဲ. ဘီယာကြိုက်တဲ့ ဘလော့ဂါတွေ အ၀တ်စလေးအောက်မှာခံပြီး သရေကျသွားပါဦး...း)။
(Source - wikipedia)

A overall view as revelers attend the last day of the Oktoberfest beer festival at dusk on Oct. 2. (Johannes Simon/Getty Images) #

ပွဲတော်နောက်ဆုံးနေ့ ညနေခင်းမှာ ပါဝင်ဆင်နွဲနေကြတဲ့ လူအုပ်ကြီးပါ။



A young woman drinks beer while wearing a fancy Bavarian costume during the last day of Oktoberfest. (Johannes Simon/Getty Images) #

ပါဗာရီယန် ၀တ်စုံဝတ်ဆင်ထားတဲ့ မိန်းမပျို ဘီယာသောက်နေတဲ့ပုံပါ။


A reveler dressed with traditional Bavarian costume attends the last day of the festival. (Johannes Simon/Getty Images) #

ပါဗာ၇ီယန်ဝတ်စုံနဲ့ ပွဲတက် အမျိုးသားတယောက်။



A crowded beer tent during the opening day of the Oktoberfest 2011 beer festival at Theresienwiese on Sept. 17 in Munich, Germany. The world's biggest beer festival starts Sept. 17 and runs until Oct. 3. (Alexandra Beier/Getty Images) #

လူတွေနဲ့ စည်ကားနေတဲ့ Theresienwiese ကွင်းပြင်က ဘီယာတဲကြီး ကို Oktoberfest 2011 ဖွင့်ပွဲနေ့ကမြင်ရတဲ့ပုံပါ။ ကမ္ဘာအကြီးဆုံး ဘီယာပွဲတော်ကို စက်တင်ဘာ ၁၇ရက်နေ့က အောက်တိုဘာ ၃ရက်နေ့ထိကျင်းပပါတယ်။


Young people lift up their beer steins after the official opening of the famous Bavarian Oktoberfest beer festival in a beer tent in Munich, southern Germany, Sept.17. More than six million guests from around the world are expected to descend on the beer tents of Munich to celebrate Oktoberfest over the next 17 days. Last year's visitors consumed some 7.1 million 2-pint (1-liter) mugs of beer. (Matthias Schrader/Associated Press) #

ဘီယာပွဲတော် ဖွင့်ပွဲအပြီး လူငယ်တသိုက် ဘီယာခွက်နဲ့ ပျော်မြူးနေကြတာပါ။


Visitors stack beer mugs after the opening ceremony of the famous Bavarian Oktoberfest beer festival in Munich, Germany, on Sept.17. (Matthias Schrader/Associated Press) #

ဘီယာခွက်ထပ်နေကြတဲ့ ပွဲလာပရိသတ်။


Young visitors rest during the opening ceremony of the famous Bavarian Oktoberfest beer festival in Munich Sept.17. (Matthias Schrader/Associated Press) #

အနားယူနေကြတဲ့ မိန်းမပျိုအချို.။


Participants of the traditional costume and riflemen's procession during day 2 of the 2011 Oktoberfest. (Alexandra Beier/Getty Images) #

ပွဲတော် ဒုတိယနေ့ ရိုးရာဝတ်စုံပွဲမှာ ပါဝင်ဆင်နွဲနေသူတွေပါ။


A waitress serves beer mugs in a festival tent at the start of the Oktoberfest beer festival at the Theresienwiese ground on Sept. 17. (Frank Leonhardt/AFP/Getty Images) #

ပွဲတော်အစမှာ ၀န်ထမ်းတယောက် ဘီယာခွက်ပေးနေတဲ့ပုံပါ။


A woman arranges gingerbread hearts in a booth as preparations were under way for the Oktoberfest beer festival at the Theresienwiese fair ground in Munich. (Christof Stache/AFP/Getty Images) #

အမျိုးသမီးတယောက် အသဲပုံ Gingerbread ပြင်ဆင်နေပုံပါ။

Friday, November 25, 2011

The Big Picture- 1

ခေါင်းစဉ်က Big Picture ဆိုပေမယ့် ဘလော့ဒီဇိုင်းအရပုံကတော့ မကြီးနိုင်ဘူးဖြစ်နေတယ်။ ဒါမိုင်ကုန်ပဲ..း)။ ကျွန်တော် ဒီကိုလာဘလော့ကို နေ့တိုင်းနီးပါးဝင်ဖတ်ဖြစ်တာကြာပါပြီ။ ခုတလော သူ့ရဲ့ ဘလော့မှာ Phoenix TV ဆိုဒ်က ပုံတွေကို တင်ထားတာကို အမြဲတမ်းလိုလို စောင့်ကြည့်ပါတယ်။ အဲလို ပုံလေးတွေနဲ့ ဘလော့မှာ မျှဝေထား တာကို ကြည့်ရတဲ့ လူတိုင်း ဗဟုသုတရပါတယ်။ အဲဒီ ဓါတ်ပုံပို့စ်တွေကို ဖတ်ရှုရတော့ ကျောင်းတုန်းက ပရောဂျက်တခုလုပ်တဲ့ အခါမှာ အဲလိုပဲ သတင်းမီဒီယာ ဆိုဒ်တွေကနေ ပုံတွေကို ယူသုံးဖြစ်တာကို အမှတ်ရ သွားတယ်။ ဆိုဒ်ကတော့ တချို.တွေ သိပြီးဖြစ်မှာပါ။ The Big Picture ပါ။ The Big Picture ကနေ ပုံတွေကို ကျွန်တော့ဘလော့မှာလဲ တင်ရင်ကောင်းမလားလို့ အကြိမ်ကြိမ်စဉ်းစားခဲ့တယ်။ Copy Right နဲ့ ညှိမှာလဲ စိုးရိမ်နေမိတယ်။ ဒါပေမယ့်လဲ ကိုယ့်ရဲ့ ဘလော့ပရိတ်သတ်တွေကို မျှဝေချင်တဲ့စိတ်က ဖြစ်နေတော့ တင်ကြည့်လိုက်ပါတယ်။ ဆိုဒ်ရဲ့ FAQ မှာဝင်ကြည့်တော့ ဓါတ်ပုံတွေက Private photographers တွေကတဆင့် ယူထားတဲ့အကြောင်း၊ ကူးယူဖော်ပြချင်ရင် ဓါတ်ပုံဆရာတွေကို ခွင့်တောင်းသင့်ကြောင်း၊ ပုံတွေအောက်မှာလဲ ဘယ်သူရိုက်ထားတယ်ဆိုတာကို ဖော်ပြထားတော့ ယူသုံးခွင့်ရှိမယ်လို့ထင်ပါတယ်။ အကယ်၍ copy right ညှိလာခဲ့ရင်တော့ဓါတ်ပုံဆရာတွေဆီက permissionတောင်းပါ့မယ်။ ကျွန်တော့ဘလော့ပေါ်မှာတော့ ပုံတွေကိုresolutionကောင်းကောင်းနဲ့ကြည့်လို့ရမှာမဟုတ်ပေမယ့်ဘလော့ဖတ်သူတွေကိုတခုခုများပေးနိုင်ခဲ့မယ်
ဆိုရင်ကျွန်တော်ကျေနပ်ပါတယ်။ အမှားအယွင်းပါခဲ့ရင် ဝေဖန်ထောက်ပြအကြံပြု ပေးစေလိုပါတယ်။

#################

World population - Where it's thick and where its thin

Motorists pack a junction during rush hour in Taipei in 2009. Taiwan's capital is notorious for its traffic jams, even though many motorists choose motorcycles and scooters over cars. United Nations analysts warn that population growth increases pollution, deforestation, and climate change. (Nicky Loh/Reuters)

မော်တော်ဆိုင်ကယ်တွေနဲ့ ရှုပ်ထွေးနေတဲ့ ထိုင်ပေ(ထိုင်ဝမ်) မြို.ရဲ့ ၂၀၀၉က ပုံပါ။ ထိုင်ဝမ်နိုင်ငံဟာမော်တော်ဆိုင်ကယ်တွေနဲ့ ရှုပ်ထွေးနေတတ်တဲ့ နိုင်ငံဖြစ်ပါတယ်။ UN ကနေပြီးတော့ လူဦးရေထူထပ်လာမှုဟာ လေထုညစ်ညမ်းမှု၊ တောပြုန်းမှု၊ ရာသီဥတု ဖောက်ပြန်မှုတွေကို တိုးစေနိုင်တယ်လို့ သတိပေးထားပါတယ်။


A hot summer day in Suining, China, draws hundreds of residents to the swimming pool on July 4, 2010. China has the world's largest population, at 1.3 billion or one out of every five people on Earth. (Reuters)

တရုတ်ပြည် ဆွေနင်းမြို(အဲလိုအသံထွက်တယ်ထင်တာပဲ)ရဲ့ နွေရာသီမှာအပန်းဖြေနေကြတဲ့
ပြည်သူတွေပါ။ တရုတ်နိုင်ငံဟာ လူဦးရေအထူထပ်ဆုံး နိုင်ငံဆိုတာ အားလုံးလဲသိပြီးမှာပေါ့။
လူ၅ယောက်မှာ ၁ယောက် တရုတ်လူမျိုးဖြစ်ပါတယ်။


Indians gather to get water from a huge well in the village of Natwarghad in the western state of Gujarat in 2003. Although its population growth has slowed in the past quarter century, India still has the second-highest population, at 1.19 billion, with three births for every death. (Amit Dave/Reuters) #

အိန္ဒိယနိုင်ငံ၊ အနောက်ဖက်ပြည်နယ် Gujarat( ဂူဂျာရပ်) ရဲ့ Natwarghad (နပ်ဝါဂပ်) ရွာလေးမှာ ပြည်သူတွေရေတွင်းထဲက ရေကိုခပ်ယူနေကြတဲ့ ပုံပါ။ အိန္ဒိယဟာ လူဦးရေ တိုးပွါးနှုန်း လျော့ကျသွားပေမယ့်ကမ္ဘာ့ဒုတိယ လူဦးရေအများဆုံး ဖြစ်နေဆဲပါပဲ။ လူ ၁ယောက် သေဆုံးမှုက ကလေး ၃ယောက် မွေးဖွါးနှုန်းနဲ့ညီမျှပါတယ်တဲ့။


The facade of an apartment building in Shanghai, one of China's fastest-growing urban areas. The city has about 23 million people, or the equivalent of the eight biggest cities in the United States combined. (Reuters)

ရှန်ဟိုင်းက တိုက်တခုရဲ့ အရှေ့ဖက်ပုံပါ။ လူဦးရေ ၂၃သန်းရှိပါတယ်။ ဒီပမာဏဟာအမေရိက အကြီးဆုံး မြို.၈ ခု ပေါင်းစပ်ထားတာနဲ့ ညီမျှပါတယ်။


Cars cross a street in Mong Kok district in Hong Kong last month. Mong Kok has the highest population density in the world, with 130,000 in one square kilometer. (Bobby Yip/Reuters) #

ဟောင်ကောင်ရဲ့ Mong Kok ခရိုင် လမ်းမတခုမှာ ကားဖြတ်သွားတာပါ။ Mong Kok ဟာ ကမ္ဘာ့လူဦးရေအသိပ်သည်းဆုံး နေရာတခုဖြစ်ပါတယ်။ ဧရိယာ ၁ စတုရမ်း ကီလိုမီတာမှာ ၁၃၀၀၀၀ နေထိုင်ကြပါတယ်။

Ulan Bator is the capital of Mongolia, the world's least densely populated country. It has 2.7 million people spread across an area three times the size of France, two-fifths in rural areas on wind-swept steppes. (Carlos Barria/Reuters) #

မွန်ဂိုလီရား ရဲ့ မြို.တော် Ulan Bator ဟာ ကမ္ဘာလူဦးရေ သိပ်သည်းဆအနဲဆုံးမြို.ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံဧရိယာ ထက် ၃ ဆကြီးတဲ့ မြို.မှာ ၂.၇ သန်းသာ နေထိုင်ကြပါတယ်။အဲဒီမှာ ၅ ပုံ ၂ပုံက သစ်ပင်နဲပါးတဲ့ လွင်ပြင် ကျယ်ကြီးမှာ နေထိုင်ကြပါတယ်။

Jugderdem, 2, stands at the door of a traditional Mongolian yurt in Shivert, about 140 miles northeast of Ulan Bator. (Carlos Barria/Reuters) #

အသက် ၂နှစ်အရွယ် Jugderdem ဆိုတဲ့ ကလေးတယောက် မွန်ဂိုလူမျိုးတွေရဲ့ ရွက်ဖျင်တဲတံခါးနားမှာ ရပ်နေတာပါ။ Shivert ရွာကတော့ Ulan Bator ရဲ့ အရှေ့မြောက်ဖက် မိုင် ၁၄၀ အကွာမှာတည်ရှိပါတယ်။

A combination picture shows 28 of the wives of Ziona, the head of a religious sect called "Chana," which allows polygamy and was founded by Ziona's father in 1942. Ziona has 39 wives, 94 children and 33 grandchildren. He lives in his 4 story 100-room house with 181 members of his family. (Adnan Abidi/Reuters) #

Ziona ဆိုတဲ့ လူတယောက်ရဲ့ ၂၈ ယောက်သော မိန်းမတွေရဲ့ပုံပါ။ Ziona ဟာ Chana လို့ခေါ်တဲ့ ဘာသာရေးအသင်းတခုရဲ့ ခေါင်းဆောင်တယောက်ပါ။ သူ.မှာ ဇနီးမယား ၃၉ယောက်၊ သားသမီး ၉၄ ယောက်နဲ့ မြေး ၃၃ယောက်ရှိပါတယ်တဲ့။ အခန်းပေါင်း ၁၀၀ ရှိတဲ့ ၄ထပ်အိမ်ကြီးမှာ ၁၈၁ယောက်သော အိမ်သားနဲ့ နေထိုင်တယ်တဲ့ဗျာ။ (ရွာ တရွာ တည်ထောင်လို့ရလောက်တယ်.အံ့ပါရဲ့။ )

Ziona, 67, takes a break at the construction site of a church in Baktawng village in the northeastern Indian state of Mizoram, Oct. 5, 2011. (Adnan Abidi/Reuters) #

၆၇ နှစ်ရှိပြီ ဖြစ်တဲ့Ziona ခဏအနားယူနေတဲ့ပုံပါ။ (မိန်းမတွေများလွန်းလို့ထင်တယ်။
တော်တော်ပင်ပန်းတဲ့ရုပ်
ပေါက်နေတယ်...း)။


Ziona's 4 story house in Baktawng village where he lives with 181 members of his family, Oct. 6, 2011. (Adnan Abidi/Reuters) #

Ziona ရဲ့ ၄ထပ်အဆောက်အအုံ။ Baktawng ရွာမှာ တည်ရှိပါတယ်။



A wife of Ziona prepares breakfast at their residence, Oct. 5, 2011. Meal preparation is a huge undertaking. (Adnan Abidi/Reuters) #

Ziona ရဲ့ ဇနီးတယောက် သူ့အိမ်သားတွေအတွက် မနက်စာပြင်ဆင်နေတဲ့ပုံပါ။



Laundry hangs out to dry on the roof of Ziona's residence, Oct. 6, 2011. (Adnan Abidi/Reuters) #

အိမ်ရဲ့ ခေါင်မိုးမှာ အ၀တ်လှန်းနေတာပါ။


Family members of Ziona pose for group photograph outside their residence, October 7, 2011. (Adnan Abidi/Reuters) #

Ziona ရဲ့ မိသားစုဝင်တွေ စုပေါင်းပုံ ရိုက်နေကြတာ။ ( ကဲ အားမကျဘူးလား အဲလို ဆွေကြီးမျိုးကြီးကို....း)။

မှတ်ချက်။ ။ ကျွန်တော်ဟာ ဘာသာပြန်တယောက် မဟုတ်တဲ့အတွက်ကြောင့် အတိအကျမပြန်နိုင်တာကို
နားလည်ပေးစေချင်ပါတယ်။ ဘာသာပြန် မှားယွင်းနေခဲ့ရင် ထောက်ပြပေးနိုင်ပါတယ်။

Thursday, November 24, 2011

ခေါင်းမူးခေါင်းကိုက်ရင် ဒီPeppermint Gel ကိုသုံးကြနော်

ခေါင်းမူး ခေါင်းကိုက်တတ်တဲ့ ဘလော့ဂါ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ များ ဒီ ပရုတ်ဂျဲလ်လေးကို ဆောင်ထားကြနော်။


Saturday, November 12, 2011

ဟိုမရောက် ဒီမရောက်လူတန်းစား

မနေ့က ဖေ့ဘွတ်မှာ မြန်မာပြည်က အဆိုတော်မတယောက်ရဲ့ အင်တာဗျူးအကြောင်းဖတ်လိုက်ရတယ်။
ဘာတွေ ပြောသွားမှန်းကို မသိဘူး။ ပြည်သူတွေက အဆိုတော်တယောက်ကို လက်မခံနိုင်တာနဲ့ပဲ ဟိုမရောက်
ဒီမရောက် လူတန်းစားရောက်သွားပါရောလား။ အဲဒါနဲ့ ပတ်သက်ပြီး ကဗျာတပုဒ် ထွက်လာသေးတယ်။
ကဗျာကို ကြိုက်လို့ ဘလော့မှာရှယ်လိုက်တယ်။း) ပုံကိုလဲ ရှားရှားပါးပါးရှာပြီး တွဲတင်နိုင်ကြတယ်။း)



အသားတော် နက်မှောင်စို

ညိုတိုတို မျက်နှာပေးနဲ့

မြင်မြင်သမျှ စိတ်ပျက်အောင်လှပါတဲ့

မဖြူဖြူ...

မင်းရဲ့ငြူစူ ကြောင်အူအူနဲ့

ပြောခဲ့တဲ့စကားအတိုင်း

ဖိုးသိကြားတယောက်

ဟိုမရောက်ဒီမရောက်လို့ပဲဆိုချင်ဆို

မင်းကိုတော့ မေတ္တာမပိုနိုင်ဘူး..

သက်တမ်းကဖြင့် ၁၀နှစ်ရှိသေးဘူး

အရူးချီးပန်း စကားတွေနဲ့

ပရိတ်သတ်ကို စော်ကား

စီနီယာတွေကိုမလေးမစား

တေးသွားတွေမှာ ပါဖောင့်မန့်စခဲ့သူလို့

ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ပိန်းပါတဲ့

ဖြူဖြူကျော်သိန်းရေ...

မပြုံးဘဲဝါးလုံးကွဲသာ ရယ်လိုက်ချင်ပါရဲ့

ဟား..ဟား..ဟား..ဟား..

ကြွားချက်ကတော့ 9 လောက်ရှိတယ်

တကယ်မသိသေးရင်မှတ်ထား

ဇာတ်ဆရာရဲ့အလိုကျ

အမေရိကားရောက်သွားတဲ့

(မ)အေးချမ်းမေတယောက်

ပါဖောင်းမန့်လမ်းကို လျှောက်တုန်းက

မင်း.ဘယ်ရောက်နေသလဲ..

မကြည့်ဖူးရင် ပြန်မေးကြည့်

ဖိုးသိကြားတောင် ကလေးအတွေးနဲ့

မှတ်မိနေသေး.. အဟေး..ဟေး

သူ့ကို အားပေးနေကြတာ

သန်းပေါင်းများစွာသောပရိတ်သတ်တဲ့ဗျာ

ထိုအထဲမှာ ကလေးတွေပေါ

ခွေးတွေရောနေတာကော

ထည့်မပြောဘူးလားခင်ဗျ

ကြည့်လိုက်သမျှ မျက်စိနောက်ရပါတဲ့

မဖြူဖြူ...

အိမ်ကအောက်နက် ဂုတ်ကျားတို့များ

တရားသံသာ မနာရင်နေမယ်

စင်ပေါ်ပတ်ခုန် လေးဘက်စုံရပ်

ခလုတ်တိုက်လဲတဲ့ သူတို့ဟီရိုးဆိုရင်

ဟာမိုနီတောင် လိုက်ကြပါသေး

စိတ်ကြိုက်တေးတွေထင်ပါရဲ့..

တယောက်စကား တယောက်နားမှာ

မခါးရအောင် သတိဆောင်လို့

မောင်တို့ဆိုစေ ပျားသကာသို့ ချိုလှစေ..တဲ့

ကြားဖူးပါသလား..

ခါးတမာလို စကားဆိုပါတဲ့

မဖြူဖြူ...

ဖိုးသိကြားနဲ့ စိတ်ချင်းဟပ်တဲ့

သန်းပေါင်းများစွာသော ပရိတ်သတ်ဟာ

မင်းရဲ့ထော်လော်ကန့်လန့်စကားမှာ

ဇော်ကန့်လန့်တွေ ဖြစ်ကြရမှာလား

မှားသွားပြီ.. အကြီးကြီးကိုမှားသွားပြီ..။

ပရိတ်သတ်ရဲ့ ရွေးချယ်မှုမှာ

ငြင်းပယ်ပိုင်ခွင့် ရှိလို့လား

အနုပညာရှင်ကြီးရယ်

မင်းရဲ့ညစ်ကျယ်ကျယ် အပြောအောက်မှာ

တို့တွေက ဟိုမရောက်ဒီမရောက်တဲ့လား..ဟဟ

ဒီမှာဖြူဖြူ မင်းသိထားဖို့

နောက်ဆုံးစကား မှတ်ချက်ထားခဲ့မယ်

နောက်များဆင်ခြင် သတိယှဉ်လို့

စကားအရာ လိမ်မာပါစေ..။

ဒီအချိုးသာ ဆက်သွားပါက

မင်းရဲ့ပရိတ်သတ် အခြားတဘက်မှာ

ရပ်တည်သွားလိမ့်မယ်ဆိုတာ

သဘောပေါက်..


ဖိုးသိကြား(ဟိုမရောက်ဒီမရောက်)

အောက်ပုံက သူ့အင်တာဗျူးပါ။ ပညာတတ်ပါးစပ်ကလဲ ဒီလိုစကားတွေပြောထွက်ပါလားနော်။


Saturday, November 5, 2011

Converse ပုံပုံဆိုင်သို့

မနေ့ညက အင်တာနက်ထဲ ဟိုဒီကြည့်ရင်းနဲ့ စင်ကာပူဆိုဒ် Great Deal မှာ စိတ်ဝင်စားစရာပရိုမိုးရှင်းတွေရှိလိုရှိငြား ရှာကြည့်ရင်းနဲ့Converse(အောစတား)က Warehouse ဈေး ၂-၇ ရက်နေ့ထိ ရှိတယ်လို့တွေ.လိုက်တော့.. ဟိုက်မနေ့ကမှ ရန်ကုန်ကသူငယ်ချင်းတယောက်က သူအောစတားဖိနပ်မှာမယ်တဲ့။ ကိုယ်ကပြောလိုက်သေးတယ်.. မင်းမှာချင်ရင် ဒီဇင်ဘာမှာ ၀ယ်ပေးမယ်။ အဲဒီချိန် လျှော့ဈေးရှိတယ်လို့ပြောခဲ့သေးတယ်။ လွန်ခဲ့တဲ့ ၂၀၀၉တုန်းက ဒီဇင်ဘာမှာရှိတယ်လို့ပဲမှတ်ထားတော့ ဒီတခေါက်လဲ အဲချိန်လောက်ပဲ ဖြစ်မှာပါဆိုပြီး သူ့ကို ဖိနပ်ဆိုဒ်တွေ အရောင်တွေကြည့်ထား၊ငါ့ကိုပုံပို့ပေးလို့ ပြောခဲ့တာ။ ပြောတာတောင်နောက်ကျသွားပြီ။ ဒါနဲ့ပဲ မဖြစ်ဘူး။ သွားကြည့်ဦးမှဆိုပြီး နောက်နေ့မနေ့ထွက်လာခဲ့တယ်။ အရင်တုန်းကလဲ သွားဖူးပြီးသားဆိုတော့နေရာကိုရှာရတာ မခက်တော့ဘူး။ ပထမတခေါက်တုန်းကတော့ လမ်းကြားတွေထဲဝင်ရတာ မျက်စိလည်လမ်းမှားသေးတယ်။ အဲဒီနားကTai Seng ဘူတာလဲဖွင့်လိုက်တော့သွားရတာလွယ်ကူသွားတယ်။ အဲဒါနဲ့မနက် ၁၁ကျော်လောက်ရောက်သွားတော့ မျက်လုံးပြူးသွားတယ်။ အလမား.. ခြဲထဲဝင်ရဖို့စောင့်နေတဲ့လူတန်းကြီးက ခြံထောင့်ထိကွေ.ပတ်နေတာ။ ကိုယ်လိုချင်တာပိုက်ဆံပေးပြီးဝယ်ဖို့အရေးတန်းစီတောင်စောင့်ရသေးတယ်ဆိုတော့နဂိုက စောင့်ဆိုင်းရတဲ့အလုပ်ကို မုန်းတဲ့လူနဲ့လာတိုးနေတယ်။ ရောက်တော့မှ မထူးပါဘူးလေဆိုပြီး လူတန်းနောက်မှာ စီနေလိုက်တယ်။

ဝင်ပေါက်နားရောက်ခါနီး ရိုက်ထားတာ။ ၁ခု ၁၀၊ ၁ခု ၁၀ လို့အော်မယ့်လူတော့မရှိပါဘူး။


ဒီလျှော့ဈေးပွဲလာတိုင်း ခြေထောက်ညောင်း၊ ချွေးထွက်၊ ဖုန်းဘက်ထရီကုန်(အိမ်သားတွေကို ဘာအရောင်ဝယ်ရမလဲ ဘာညာဖုန်းဆက်ရတာတကြောင်း၊ သူငယ်ချင်းတွေကလဲ သူတို့လာနေပြီ၊ ဘယ်မှာလဲ၊ ဘာညာဆက်၊အဲဒါကြောင့်ဘက်ထရီကုန်တာ)၊ ငွေကုန်တာတော့မပြောတော့ပါဘူး။ ငွေကုန်ဖို့လာတာပဲလေ..း)။

မသိရင်လျှော်မယ့်ခြင်းတောင်းထဲကအ၀တ်တွေလိုပါပဲ။ ဒီလိုပဲ ရှော့ပင်းရပါတယ်။ တော်တော်ပင်ပန်းပါတယ်..းP


တနေကုန် ဟိုဖိနပ်ပုံထဲဝင်တိုး၊ ဒီအ၀တ်ပုံထဲဝင်တိုး မွှေနောက်ရှာဖွေတော့ နောက်ဆုံး ဒါလေးတွေရပါတယ်။ လူလဲတော်တော်ကိုဖတ်ဖတ်မောသွားပါတယ်။ထမင်းမစားဘာမစားနဲ့ကြိုးစားရှာတာ။ ကျောင်းစာ၊အလုပ်တွေကို အဲလိုထမင်းမစား၊ရေမသောက်ပဲနဲ့၎ ၅ နာရီကြာအောင်မလုပ်ဖူးဘူး။ကြွားတယ်ထင်လဲ ထင်ပါစေတော့။ ပုံပုံကရလာတာဆိုတော့ဈေးက၃၀ထက်မပိုတဲ့ဟာတွေ။ဒီဟာတွေရဖို့မနဲကြိုးစားရှာဖွေရတာကိုက ကျေနပ်စရာပဲ။ အကုန်လုံးက တကယ်လိုချင်နေတဲ့အရာတွေ။ အပြင်မှာက ဒီဈေးနဲ့မရနိုင်တော့ ပင်ပန်းခံရကျိုးနပ်ပါတယ်။ ဒီ Converse ဈေးကို ရွှေမြန်မာတွေနဲ့ ဖဦးထုပ်တွေသိတာ ပိုများသလိုပဲ။ လာသမျှလူတွေကမြန်မာနဲ့ဖဦးထုပ်က ခပ်များများ။ ဒို့ရွှေမြန်မာတွေလဲ ၀ယ်နိုင်သုံးနိုင်တာကို ကြည့်ပြီး ၀မ်းသာသွားပါတယ်။..ဘာမှမဆိုင်သလိုပဲ..ဟီး။





စင်ကာပူမှ လူများသွားချင်ရင် အမြန်သွားကြပါ။ ၂ ရက်ကျန်ပါသေးတယ်။ နောက်ဆုံးနေ့တွေက လက်ကျန်တွေပဲရှိတော့မှာပါ။ ဒီလင့်မှာ အသေးစိတ်ကြည့်နိုင်ပါတယ်။

Saturday, October 29, 2011

လက်ရှိကျွန်တော်

ခုတလောအပျင်းတွေကြီးနေတယ်။သူများဘလော့တော့နေ့တိုင်းဝင်ဖတ်ဖြစ်တယ်။ကိုယ့်ဘလော့ပဲမ၀င်ဖြစ်တာ။
ပြီးတော့ပါးစပ်ကဒီတလောအတွင်းအနာတွေခဏခဏပေါက်နေလို့စိတ်ညစ်နေရတယ်..း(။ အောက်နှုတ်ခမ်းမှာ
ပေါက်ပြီးလို့ သက်သာရုံရှိသေးတယ်။နောက်ထပ် အာသီးနားမှာ ပြန်ပေါက်လာပြီ။ စိတ်ကိုညစ်ပါရော။ ဆရာဝန်တွေနဲ့ပြတော့လဲ လူနည်းစုမှာဖြစ်တတ်တယ်။ ကုရာနတ္ထိဆေးမရှိတဲ့လေ။ လုံးဝပြန်မဖြစ်အောင် ကုလို့မရဘူးတဲ့ဗျာ..း(။ သက်သာအောင်ဆေးလိမ်းရုံပဲတဲ့။ ဒီအနာဖြစ်လာတော့စားချင်တာလဲစားလို့မရ။ ရေသောက်တာတောင် အနာခံပြီးသောက်နေရတယ်။ အပူများလို့ဖြစ်တာလားဆိုတော့လဲ ရေကိုပုံမှန်ထက်ပိုသောက်ပေးနေတယ်။ အစပ်လဲရှောင်တယ်။ ဖြစ်တုန်းပါပဲ။ သိတဲ့သူများ အကြံလေးပေးသွားပါဦး။ ဘာလို့ဒီလိုခဏခဏဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းလေး။
အဲလိုဖြစ်နေရင်အပြင်သွားချင်စိတ်လဲမရှိနဲ့။အိမ်မှာပဲအောင်းနေတာ အောင်းနေခဲ့တာကြာပြီ။ ဒေ၀ါလီလဲ
ပြီးသွားပြီ။ ဘာမှမလုပ်ဖြစ်။ လာမယ့် ဟာရီရာရာလဲ ဘာအစီအစဉ်မှမရှိသေး ကိုယ့်ကိုယ်ကို ပြန်တွေးကြည့်တော့ တွင်းအောင်းသတ္တ၀ါဖြစ်နေပါရောလား။ တနေ့တနေ့ ဖေ့ဘွတ်တကြည့်ကြည့်၊ ဇာတ်ကားတကြည့်ကြည့်နဲ့ပဲ အချိန်တွေကုန်နေပါရောလား။ ဘာလိုလိုနဲ့ ၁၁ နားနီးလို့ နှစ်တောင်ကုန်တော့မယ်။ ပြောင်းလဲသင့်တာတွေပြောင်းလဲချိန်တန်ပြီ။ဒီစိတ်နဲ့နောက်နှစ်မကူးချင်ဘူး။
ဘလော့တန့်ပလိပ်ကို classic ပုံစံပြောင်းလိုက်တာ ဘေးကဆိုဒ်ဘားမှာ
ဘလော့လင့်ခ်တွေဘာတွေပျောက်သွားတယ်။ စိတ်တိုင်းမကျဘူး။ အချိန်ယူလေ့လာပြီး ပြန်ထည့်ရဦးမယ်။

Sunday, September 18, 2011

Tai Lue Song

တရုတ်ပြည်ဖက်က ရှမ်းမိန်းမပျိုလေးတွေသီဆိုထားတဲ့သီချင်းပါ။ ပျင်းနေတာနဲ့ Youtube မှာ ဗီဒီယိုတွေဟိုကြည့်ဒီကြည့် ရှာဖွေနေမိတယ်။



Tuesday, August 23, 2011

Blog Day အမှတ်တ၇

ဘလော့ဒေးပို့စ်ကိုကိုကြီးမောင်မျိုးကတဂ်ပို့စ်ေ၇းမလားလို့ ရုတ်တရက်မေးလာတော့ ကြောက်လန့်လန့်နဲ့
ေ၇းပါမယ်လို့ ကတိပေးခဲ့တယ်။ ကတိပေးထားတဲ့အတိုင်း မဖြစ်ဖြစ်အောင် အားယူပြီးေ၇းလိုက်ပါတယ်။ ဘလော့ဂါကြီးတွေကို ပြောမှားဆိုမှားရှိခဲ့၇င် ခွင့်လွတ်ပေးပါလို့ အ၇င်ဆုံးတောင်းဆိုထားချင်ပါတယ်။

ဘလော့ဆိုတဲ့စကားလုံးကိုစသိတာကတော့၂၀၀၈ခုနှစ်လောက်တုန်းကသတင်းဂျာနယ်တွေကနေတဆင့်ပါ။
နောက်ပိုင်း စင်ကာပူကိုထွက်လာတော့ ကျောင်းစာတွေနဲ့ အလုပ်များခဲ့တယ်။ အဲဒီတုန်းက အင်တာနက်ကနေ စာတွေ သတင်းတွေဖတ်၇ကောင်းမှန်းမသိသေးဘူး။ဒီနေ့လို ဖေ့ဘွတ်လဲမပေါ်သေးဘူး။ ဖ၇န့်စတားနဲ့ ဂျီဒေါ့၊ဂျီမေးလ်၊ ကျောင်းစာတွေလုပ်ဖို့လောက်ပဲ သိခဲ့တယ်။ ဇာတ်ကားတွေလဲ ဒေါင်းကြည့်၇င်းပေါ့။ ဒီလိုနဲ့ ပထမနှစ်ကုန်ခါနီးလောက်မှာ သူငယ်ချင်းတယောက် စာကြည့်တိုက်မှာ စာလုပ်ကြမယ်ဆိုပြီး ကွန်ပျူတာဖွင့်ထားတာစာမလုပ်ပဲဘာလုပ်နေလဲလို့သွားကြည့်တော့ မြန်မာဝက်ဆိုဒ်တခု
ဖတ်နေတာကိုတွေ.လိုက်တယ်။ အဲဒါဘာဆိုဒ်လဲပေါ့။ နိုင်းနိုင်းစနေတဲ့။ဒီနာမည်ကို ကြားဖူးသလိုလိုပဲ ကလောင်နာမည်လိုလိုဆိုတော့ ငါလဲဖတ်ကြည့်မယ်ဆိုပြီး လင့်ခ်တောင်းလိုက်တယ်။ မနိုင်းနိုင်းစနေရဲ့ ဘယ်ပို့စ်ကိုအ၇င်စဖတ်ဖြစ်သလဲဆိုတော့ ရှမ်းရိုး၇ာအစားအစာအကြောင်းတွေကနေပေါ့။ ဘာသာပြန်ပို့စ်တွေ စိတ်အဟာ၇ပေးတဲ့စာတွေကို မဖတ်သေးဘူး။ စာတွေပဲဆိုတော့ မဖတ်ချင်တာလဲပါတယ်။ အဲဒါပုံတွေစုံစုံလင်လင်နဲ့ စားစ၇ာပို့စ်လေးတွေကိုပဲ ထိုင်ဖတ်နေလိုက်တာ။စာကြည့်တိုက်မှာအချိန်ဘယ်လိုကုန်သွားမှန်းမသိဘူး။ ပြီးတော့လဲ ဘေးနားက
သူငယ်ချင်းတွေကို... ဟေ့ မနိုင်းနိုင်းစနေရေးထားတဲ့ အစားအသောက်အကြောင်းတွေက ငါတို့မြစ်ကြီးနားက အစာတွေနဲ့ခပ်ဆင်ဆင်ပဲကွလို့။ ပြောရင်းနဲ့ သားရေတွေဇွတ်ကျနေတာ.. နင်ကတော့ အစားအသောက်မီးလိုတောက်ပဲဆိုပြီး အပြောခံ၇သေးတယ်။ ကျွန်တော်ကတော့ပြုံးလို့. အဲဒီပို့စ်တွေဖတ်လိုက်၇တဲ့အခိုက်အတန့်မှာကိုယ့်အိမ်လေးကိုပြန်ေ၇ာက်သွားသလိုပဲ ခံစား၇တယ်။ စာမလုပ်ပဲထိုင်ဖတ်နေတာ အစားအသောက်ပို့စ်တွေပြီးတော့ ဘာသာပြန်စာတွေဖတ်တယ်။ အဲဒီတုန်းက မနိုင်းနိုင်းစနေဘလော့ပဲ သိတယ်။သူ့ဘလော့မှာ တခြားဘလော့ဂါတွေကိုလဲ ဘေးနားမှာေ၇းထားပေမယ့် မသိသေးဘူး။ နောက်တော့မှ ဟိုနှိပ်ဒီနှိပ်နဲ့ ဘလော့တွေတခုခုပြီးတခုဝင်မိတယ်။ တခုဖတ်လို့မပြီးသေးဘူးနောက်တခုဝင်ဖတ်တော့ရှေ့မှာ ဘယ်ဘလော့တွေဖတ်နေဆဲလဲဆိုတာ မေ့ကုန်ေ၇ာ။း) ဒီလိုနဲ့ဘလော့တွေဖတ်လာလိုက်တာ။ တနေ့တနေ့ဘလော့ဆိုဒ်တွေချည်းပဲ လည်ပတ်နေခဲ့တယ်။ မြန်မာလိုလဲ မ၇ိုက်တတ်သေးတော့ကော်မန့်လဲ မပေးတတ်ခဲ့ဘူး။ နောက် မကြာခဏသွားလည်တတ်တာက Craton သူ.ရဲ့ အေ၇းအသားတွေက ပြေပြစ်တယ်။ လူငယ်ပေမယ့် စာရေးကတော့တော်တော်ကို ကောင်းတယ်။ အားလဲကျတယ်။


အဲလိုပဲ အားကျ၇င်းနဲ့ ဘလော့ကို စမ်းေ၇းချင်စိတ်ပေါက်လာတယ်။ စေ၇းမယ်ဆိုတော့ မြန်မာလို၇ိုက်တတ်မှဖြစ်မှာပေါ့။ မြန်မာဖောင့်တွေ သွင်း၊ ဂျီဒေါ့မှာ သူငယ်ချင်းတွေကို မြန်မာလိုချက်၊ တလုံးချင်းဆီစာပြန်၇ိုက်ပေးနေ၇တာ အတော့ကိုအခက်တွေ.ခဲ့တယ်။ အဆူကလဲ ခံ၇သေးတယ်။ စာပြန်တာဒီလောက်နှေးလား ဒီဖက်ကစောင့်နေတာ လည်၇ှည်နေပြီ. ဘာညာ. စုံလို့။ အဲဒါနဲ့ 'မနောသားလေး' ဆိုတဲ့နာမည်နဲ့ ဘလော့စလုပ်ဖြစ်တယ်။ စလုပ်ဖြစ်တယ်ဆိုတာကလဲ ဘလော့အကြောင်းနဲနဲနားလည်လာအောင်လို့၊ HTML တွေဆိုတာလဲ နားမလည်ဘူး။ ကျောင်းမှာသင်တဲ့ ပရိုဂရမ်မင်းတွေနဲ့လဲမတူဘူး။အေ၇ာင်ပြောင်းဆိုဒ်အကြီးအသေးတွေဘယ်လို ပြောင်း၇တာလောက်ပဲ
သိလိုက်တယ်။ ဘလော့ဒီဇိုင်းကိုလဲ ဖရီးရတဲ့ဆိုဒ်ကနေ ဒေါင်းပြီး ဟိုပြောင်းဒီပြောင်းလုပ်။ မနောသားလေးဆိုတဲ့နာမည်နဲ့ရေးတုန်းကနာမည်တူရှိမယ်မှန်းမသိသေးဘူး။ကျွန်တော် အဲဒီနာမည်ပေး၇တဲ့အကြောင်းအ၇င်းက ကချင်ပြည်နယ်သားဆိုတော့ မနောဆိုတဲ့ စာလုံးပါအောင်ထည့်လိုက်တာ နာမည်ကလဲမပေးတတ်ဘူး။ အဲဒါနဲ့မနောကွင်းအကြောင်း၊ ကချင်ပြည်နယ်အကြောင်း ၂ ပုဒ် ၃ ပုဒ်လောက်ေ၇းလိုက်တယ်။ သြော် မေ့နေလို့ မနောသားလေး ဘလော့ကို ၂၀၀၉ဂျူလိုင်လလောက်ကစခဲ့တာ။ စလုပ်တော့မှ ဘလော့ေ၇း၇တာလဲမလွယ်ကူမှန်းသိလိုက်၇တယ်။ ပြီးတော့ အဲဒီတုန်းက ဘယ်ဘလော့ဂါနဲ့မှ မခင်သေးပါဘူး။ ဘယ်သူ့အားကိုး၇မှန်းလဲမသိတော့ ကြာလာတော့ အဲဒီ မနောသားလေးဘလော့ကကြက်ပျောက်ငှက်ပျောက်ဖြစ်ေ၇ာ။တခြားဘလော့တွေကိုတော့ အလည်မပျက်ခဲ့ပါဘူး။ ကိုတီဇက်အေ ခေါ် ဒီကိုလာ ဘလော့ကတော့ ကျွန်တော်နေ့တိုင်းလိုလိုဝင်ဖတ်ဖြစ်တယ်။ သူကလဲ မနားတမ်းေ၇းတော့ တခါတခါဆို ပို့စ်အသစ်တွေလွတ်သွားတယ်။
ပြန်လာကြည့်တော့ ၃ ၄ ပုဒ်သူကေ၇းပြီးနေပြီ။ ပြီးတော့ တီတီဆွိဘလော့။ အန်တီဆွိက သူ့မိသားစုအကြောင်းလေးတွေေ၇းတော့ ဖတ်၇င်းနဲ့ ပီတိဖြစ်မိတယ်။ ကြည်နူးသလိုခံစား၇တယ်။ မိသားစုဘ၀လေးကပျော်ဖို့ကောင်းတယ်။ ပြီးတော့ We She Me ဆိုတဲ့ မိသားစုဘလော့လေး။ ဘလော့နဲ့စတင်ထိတွေ.ခဲ့တဲ့ ၂ နှစ်တာ အချိန်အတွင်းမှာ ဘယ်ဘလော့ဂါနဲ့မှ မသိကျွမ်းခဲ့ဘူး။ ဘလော့တွေကို တိတ်တဆိတ်လေးလာဖတ်ပြီးတိတ်တဆိတ်ပြန်သွားခဲ့တယ်။ စီဘောက်စ်မှာလဲ ဘယ်လိုစေ၇း၇မှန်းမသိခဲ့ဘူး။ ကျွန်တော့်စရိုက်ကိုက အဲလိုလူသစ် သူစိမ်းတွေနဲ့ စတင်ပြောဆို၇မှာကိုက ၀န်လေးနေတတ်တာ။ လူချင်းမြင်၇တာလဲမဟုတ်ဘူးပဲနဲ့ကိုဗျာ။အပြင်မှာဆိုလဲ အဲလိုပါပဲ။


ဒီလိုနဲ့ပဲကျန်တဲ့ဘေလော့တွေဖြစ်တဲ့...ကို၇ီးယားမင်းသား၊မင်းသမီး(မင်းသားကခပ်များများ) တွေလာ၇င်
လေဆိပ်ကို အပြေးအလွားသွားကြည့်ပြီးတော့ ဘလော့မှာ မျှဝေတတ်တဲ့မဗေဒါ၊ ဟာသစာတွေအေ၇းတော်တဲ့ ကိုဖိုးစိန်၊ ၀ါ၇င့်ဘလော့ဂါဆ၇ာကြီးတွေဖြစ်တဲ့ မြစ်ကျိုးအင်းကိုညီလင်းသစ်၊ ကိုကြီးမောင်မျိုးတို့ဆီ နေ့စဉ်နဲ့အမျှေ၇ာက်ဖြစ်တယ်။ အစားအသောက်ကြောင်းတွေေ၇းတတ်တဲ့ အန်တီချော(အစိမ်းေ၇ာင်လွင်ပြင်)အန်တီလား အမလားတော့ မသိပါဘူး။ ခေါ်မှားမိ၇င် ကန်တော့ပါ။ သားသားက ဘလော့ဂါတွေကြားမှာ အငယ်ဆုံးလို့ ကိုယ့်ကိုယ်ကိုထင်သာပဲ..း)။ ကျန်တဲ့ အိမ်ရှင်မရဲ့ဟင်းလက်ရာBurmese Taste- အိုင်အို၇ာ တွေဆီကိုလဲ ဗိုက်ဆာ၇င် ပြေးသွားနေကျပါ။အပြောင်အချော်တွေေ၇းတဲ့ ကိုထွဋ်၊ ကျွန်တော့်စီဘောက်စ်မှာ လာလာေ၇းပေးတဲ့ အမှောင်ထုထဲက အလင်းစက်များ၊ ဓါတ်ပုံတွေအ၇ိုက်ကောင်းတဲ့ ကိုထွန်းထွန်း(သူ.ဖူးခက်ဓါတ်ပုံအခန်းဆက်တွေကြည့်လွန်းလို့ ဖူးခက်ခရီးကိုအရူးထနေတုန်း)
ဒီဘလော့တွေဆီလဲေ၇ာက်နေကျ။ အဲဒီလိုနဲ့ ဘလော့တွေ ဖတ်လာလိုက်တာ ၂၀၁၁ မေလလောက်မှာ လူကမနေနိုင်တော့ဘူး။ ဘလော့ပြန်ေ၇းဦးမှ. ဒီတခါတော့ဖြစ်အောင်ရေးရမယ်ဆိုပြီးတော့အားကြိုးမာန်တက်နဲ့ ဘလော့ဖက်ကိုခြေဦးလှည့်ခဲ့တယ်။ရေးချင်တဲ့ရည်ရွယ်ချက်ကလဲ ကျွန်တော်တနေ့တနေ့ဘာတွေလုပ်ဖြစ်တယ်။ ဘာတွေဖြစ်နေတယ်ဆိုတာကိုအဝေးကမိသားစုတွေလဲသိစေချင်တဲ့စိတ်လဲပါတယ်။ပြီးတော့ဓါတ်ပုံရိုက်လဲ
ဝါသနာပါတော့ကင်မရာတလုံးလောက်ဝယ်ပြီး ဘလော့ပေါ်တင်မယ်ပေါ့။ အဲဒါနဲ့ပဲ ကြယ်စင်အလင်းဆိုတဲ့ ဒီဘလော့ကို ဖန်တီးခဲ့တယ်။ အ၇င်တခေါက်က မနောသားလေးဘလော့ကိုပဲနာမည်ပြောင်းခဲ့တယ်။ အဲဒီတုန်းကတင်ခဲ့တဲ့ ပို့စ်ကိုတော့ ပြန်ဖျက်လိုက်တယ်။ ကြယ်စင်အလင်းနာမည်ကို ဘယ်လိုပေးဖြစ်ခဲ့လဲဆိုတော့ အလင်းလဲပါရမယ်။ ကြယ်လဲပါရမယ်ပေါ့။ ကြယ်စင်အလင်းတန်းကောင်းလားဆိုတော့သူငယ်ချင်းတယောက်က သတင်းစာလိုလို ဂျာနယ်လိုလိုပဲတဲ့။ ကြယ်စင်အလင်းကပိုကောင်းတယ်ဆိုတော့ အဲဒီနာမည်နဲ့ပဲပေးဖြစ်ခဲ့တယ်။ ကြယ်စင်အလင်းဆိုတဲ့ နာမည်နဲ့ ကော်မန့်တွေ၊ စီဘောက်စ်တွေမှာရေးခဲ့တယ်။ ကိုကြီးမောင်မျိုးကို မေးကြည့်တော့ ကောင်းပါတယ်တဲ့။ ဘလော့တွေလည်ရင်းနဲ့ အလင်းပါတဲ့ နာမည်တွေက တော်တော်များနေပါလားဆိုတာ သိခဲ့တယ်...း)။ ဘလော့ဂါတွေထဲမှာအရင်ဆုံးစတင်ရင်းနှီးခဲ့တာကတော့ ကိုမောင်မျိုးပါပဲ။ ဘလော့ဂါတွေပြောတဲ့အတိုင်း ကိုမောင်မျိုးက ဘလော့ဂါသစ်တွေကိုကူညီအားပေးနေကျဆိုတာ တကယ်သိခဲ့၇တယ်။ သဘောကလဲ တော်တော်ကောင်း..။ ကျွန်တော့်ဘလော့ ပြဿနာတွေတက်တုန်းကလဲ သူ့ကိုပဲမေးခဲ့တယ်။ ကိုယ့်ဘလော့မှာ ကော်မန့်ပေးလို့မ၇မှန်းလဲ သူပြောမှ သိတာ။ အဲဒါနဲ့ပဲ သူကပဲ ဘယ်လိုပြင်၇မလဲဆိုတာ ပြောပြခဲ့တယ်။ သူကောင်းလို့ ဒီပို့စ်ေ၇းဖြစ်ခဲ့တာ.. မေးတုန်းက လက်တွေတောင်တုန်တယ်။ တဂ်ပို့စ်ေ၇းမလားတဲ့။ တဂ်တဲ့ခေါင်းစဉ်ကလဲ သိပ်လွယ်တာမဟုတ်။ ဆင်ခြေဆင်လက်ပြပြီး ငြင်းလို့၇မလားလို့.. စာေ၇းမပျင်းနဲ့တဲ့... ပြီးရော။ငြင်း၇မှာလဲ ခပ်ခက်ခက် ကိုယ့်ဘာသာဆိုရင်လဲ ပို့စ်ကရေးဖြစ်တာမဟုတ်။ ခုတလောအကြိုက်တွေ.နေတဲ့ သီချင်းတွေကိုပဲ တင်တင်နေတာ။ ခေါင်းစားပြီးစာရေးရမှာလဲ လက်ကမရောက်ဘူး။စိတ်ထဲမှာသာ ဟိုအကြောင်းရေးချင်တယ်။ ဒီအကြောင်းရေးချင်တယ်။စိတ်ကူးနဲ့ပဲရေးနေတာ။ပြီးတော့ကျွန်တော်ကကဗျာကိုဖတ်လဲမဖတ်တတ်တော့
ရေးဖို့ဆိုပိုဝေးသွားတယ်။ပေါ့ပေါ့ပါးပါးစာလေးတွေအစားအသောက်အကြောင်းလေးတွေ၊ခရီးသွား
အကြောင်းအရာလေးတွေ ဖတ်၇တာပဲ စိတ်ဝင်စားတတ်တာက ကျွန်တော့်အကျင့်။ ခုတော့ ဘလော့ကိုပြန်စေ၇းနေပါပြီ။ ဘယ်ချိန်ပဲပျောက်သွားမလဲမပြောနိုင်ပါဘူး။အဲလိုမပျောက်သွားဖို့တော့ဆုံးဖြတ်ထားတာပဲ။အခြေအနေအရပေါ့။ ဘလော့ဂါတွေနဲ့လဲ ခင်မင်ရင်းနှီးချင်ပါတယ်။ ကျွန်တော့ရဲ့ အားလပ်နေတဲ့အချိန်တွေကိုတော့ ဘလော့လည်ပတ်ရင်းနဲ့ပဲ ကုန်ဆုံးနေခဲ့တာပါ။

ဒီပို့စ်က ကျွန်တော်နဲ့ တခြားဘလော့ဂါတွေကို ပိုပြီးနီးကပ်လာစေမယ့်၊ ဘလော့လောကကို ကျွန်တော့်ဘလော့လေး 'ကြယ်စင်အလင်း' နဲ့မိတ်ဆက်ပေးလိုက်တဲ့ ပို့စ်ဖြစ်ပါစေလို့လဲ မျှော်လင့်ပါတယ်။ ဘလော့ဂါများအားလုံး ပျော်ပျော်ရွှင်ရွှင် ပို့စ်တွေရေးနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်။

P.S။ ။ ကိုကြီးမျိုးရေ. ရေးပြီးပြီဗျို.။ .. XD XD XD XD စာလုံးပေါင်းသတ်ပုံအမှားပါ၇င် ခွင့်လွတ်ပါ။

Sunday, August 21, 2011

ပတ်ကွပ်တေး- Pak Kut Teh


မနေ့က စင်ကာပူကိုလာလည်တဲ့ ထိုင်ဝမ်အသိတွေဆီမှာ လူကြုံပစ္စည်းသွားယူတယ်။ မတွေ.တာကြာပြီဖြစ်တဲ့ အိမ်နီးနားချင်းလဲဟုတ်၊ ငယ်ငယ်တုန်းက အိမ်ကိုလာလည်နေကျလူတွေလဲဟုတ်ဆိုတော့ အလာပသလာပ ပြော၇င်းနဲ့ သူတို့ကမေးတယ်။ ပတ်ကွပ်တေး၊ ၇ိုကူချာ ကိုသိလားတဲ့။ သူတို့ခမျာ ၇ပ်ဖယ်လ်ပလေ့စ်မှာ ရှာတာမတွေ.ဘူးတဲ့။ အဲဒီဟင်းကို ဘယ်ကသိလာတာလဲဆိုတော့ ထိုင်ဝမ်ကလူတွေ စင်ကာပူေ၇ာက်တိုင်းစားဖြစ်တဲ့အစားအစာတဲ့။ အဲဒီအသိက ဒီကိုမလာခင် အင်တာနက်ကနေ စင်ကာပူမှာဘာတွေ၇ှိတယ်၊ ဘယ်လိုသွား၇တယ်ဆိုတာကို ၇ှာပြီးတော့ စာအုပ်မှာေ၇းမှတ်လာတာ။ တော်တော်လေးတော့ ဟုတ်နေတာပဲ။ ခ၇ီးသွား၇င်အဲလိုရှာပြီးေ၇းမှတ်၇တာကိုက စိတ်လှုပ်ရှားဖို့ကောင်းသလိုပဲ။ အထူးသဖြင့် ကိုယ်တခါမှမေ၇ာက်ဖူးတဲ့နေ၇ာဆိုတော့ ပိုတောင်ပျော်ဖို့ကောင်းပါတယ်။ အဲဒါနဲ့ အဲဒီ ပတ်ကွပ်တေးကို တစ်ခါနှစ်ခါတော့ကြားဖူးတယ်။ ဘာမှန်းတော့မသိဘူး။ စားစ၇ာတော့သိတယ်။ ၇ို.ကူချာလို့ပြောတော့လဲ သေချာမသိသေးဘူး။ ၀က်သားစွပ်ပြုပ်လားပေါ့။ အဲဒါနဲ့ အင်တာနက်မှာ၇ှာတယ်။ ရှာတယ်။ ဘယ်မှာ၇သလဲပေါ့။ သူတို့ကလဲ အဲဒါမှမစား၇၇င် စင်ကာပူလာ၇ကျိုးမနပ်ဘူးတဲ့ဗျ။ ခေါင်းထဲမှာတော့ ၀က်၇ိုးနဲ့ စွပ်ပြုတ်တော့ ပေါ်နေပြီ။ အကောင်လိုက်မမြင်သေးတာပဲ။ သူငယ်ချင်းကို မေးပေးကြည့်ပါ့မယ်ပေါ့။ ဒါနဲ့ စင်ကာပူ၇ီ၇မ်းမတယောက်ကို မက်ဆေ့နဲ့လှမ်းမေးတော့ အဲဒါနေ၇ာတိုင်းမှာ၇ှိပါတယ်တဲ့ဗျာ။ ဒါဆို ငါထင်တာဟုတ်နေပြီပေါ့။ ဘယ်တ၇ုတ်ဆိုင်မှာမဆို၇ှိပါတယ်လို့။ေ၇ှာပလာဇာနားက ဆိုင်ကတော့ တော်တော်ကောင်းတယ်လို့သူက လှမ်းပြောတော့ အင်တာနက်မှာ၇ှာကြည့်လိုက်တယ်။ စင်ကာပူမှာနေတဲ့လူတွေတိုင်း အစားအသောက်နဲ့ပတ်သက်လာ၇င် အော်နေကျ ' ဗိုက်ဆာ၇င်ဘယ်ဒိုးမလဲ- Hungry Go Where ' မှာရှာကြည့်လိုက်တော့ အဲဒီဆိုင်က နာမည်ကြီးတယ်လို့ေ၇းထားတော့ အဲဒီနေ၇ာကို ချီတက်ကြတာပေါ့။

ဆိုင်ကို ဘယ်လိုသွား၇လဲဆိုတော့ ခြေထောက်နဲ့သွား၇တာပေါ့။ Novena MRT ကနေ Exit B ကိုသွား၊ မြေအောက်လမ်းကိုလျှောက် United Squareေ၇ှ့က ကားမှတ်တိုင်မှာ ၁၃၁ စီး၊ ၆မှတ်တိုင်မြောက် Shaw Plaza မှာဆင်း၊ လမ်းဖက်ကို မျက်နှာမူပြီး ဘယ်ဖက်ကို မျက်စောင်းတချက်ထိုးလိုက်။ ဆိုင်ကတော့ သေးသေးလေး၊ Founder Pak Kut Teh Restaurant ဆိုပြီးတွေ.မယ်။ အဲဒီကိုမျက်စောင်းထိုးလိုက်တဲ့အခါ လူတွေတန်းစီစောင့်နေတဲ့ဆိုင်က ပတ်ကွပ်တေးပဲ။ မလွဲစေ၇ဘူး။

ဒီဆိုင်းဘုတ်ကိုသာ ၇အောင်ရှာပါ။


အထဲကိုဝင်လိုက်တာနဲ့ စီလီပတီတွေနဲ့ ပတ်ကွပ်တေးဆိုင်ပိုင်၇ှုင်နဲ့ တွဲ၇ိုက်ထားတာတွေကို နံ၇ံနဲ့အပြည့်၊ တကယ့်နံ၇ံအပြည့်မြင်၇လိမ့်မယ်။ လေးဖက်လေး၇ံပုံတွေနဲ့ကာထားသလားမှတ်၇ပါတယ်။ ကြည့်လိုက်တဲ့ပုံတိုင်း တ၇ုတ်နာမည်ကြီးစီလီပတီတွေနဲ့။ ဆိုင်ပိုင်၇ှင်ကို သတိထားကြည့်ပါ။ သူဝတ်တဲ့ အင်္ကျီက ပုံစံတူတွေ၊ အေ၇ာင်ပဲပြောင်းသွားတာ။ ပုံတိုင်း အဲဒီဒီဇိုင်းနဲ့ အင်္ကျီဝတ်ထားတယ်။ အောက်ကပုံမှာ ကျွန်တော်သိတာ အဆိုတော်တယောက်ထဲ။ Jay Chou . ရှာကြည့်ကြ။





လာပါပြီ အဓိက ဇာတ်ကောင် ၀က်၇ိုးစွပ်ပြုပ်။ ဘယ်လို ဟင်းခတ်အမွေးအကြိုင်တွေသုံးထားသလဲတော့မသိဘူး။ သောက်လို့တော့ကောင်းတယ်။ အ၇ည်လိုက်ပွဲလာထည့်ပေးတယ်။ ကျန်တာကပုံမှန်ဟင်းပါပဲ။ သိပ်တော့ မထူးဆန်းပါဘူး။






နောက်တခေါက်သွားမလားလို့မေးလာ၇င် သွားမယ်လို့ဖြေမယ်။ ပုံတွေကြည့်ချင်လို့။ ဘယ်မင်းသားမင်းသမီးတွေ လာသွားသလဲလို့။ ပြီးတော့ ဟင်း၇ည်သောက်၇င်းနဲ့ပေါ့။








Saturday, August 20, 2011

မိုးတိမ်ကဗျာ

ကျွန်တော်ကြိုက်တဲ့သီချင်းလေးပါ။

Tuesday, August 16, 2011

Chen Wei Liang - Big Sea



[*]
if the great ocean could, bring back the love once had
then let me wait for whole life
if the past deep feeling, you're no longer kept
then let it sway far in the wind
if the great ocean could, take away my sorrowful
just like take away each riverflow
all the pain ever injured, all the tears ever flowed
my love...
please take away everything

from that distant seaside, you slowly disappear
from a fuzzy face, has gradually become clear
want to say something, but don't know where to start
only put it in the bottom of heart

[#]
walking ignorantly at the seaside, see tides up and down
futile works, want each flowery-like waves remembered thoroughly
want to say love you, but it's dispersed in the wind
turn back ignorantly, where are you

repeat [*] [#] [*] [*]

credit to: gitavagga.blogspot.com

Monday, August 8, 2011

အထုပ်ဖြည်ခြင်း


ေ၇ှာ့ပင်းမထွက်ဖြစ်တာကြာလို့ စနေနေ့က ဒိုဘီဂေါ့က ပလာဇာ စင်ကာပူ၇ာနဲ့ အော့ချတ်က တန်ပလာဇာ၊ အိုင်၇ွန်ဖက် ခြေဦးလှည့်ဖြစ်တယ်။ေ၇ှာ့ပင်းထွက်တယ်ဆိုတာကလဲ မဖြစ်မနေထွက်၇တော့မယ်ဆိုတော့မှ ထွက်ဖြစ်တာ။ ဝင်းဒိုးေ၇ှာ့ပင်းတွေဘာတွေ စိတ်ဝင်စားတာမဟုတ်ဘူး။ မြင်ပြီးဝယ်ချင်စိတ်တွေက တဖွါးဖွါးဖြစ်လာတယ်။ လိုချင်တာကို မဝယ်နိင်တဲ့ဒဏ်က တော်တော်ကိုခံ၇ခက်တယ်ဗျ။ ဒါကြောင့် တော်၇ုံတန်၇ုံဆိုေ၇ှာ့ပင်းမောလ်ဖက်ကို ခြေမလှမ်းမိအောင် ဘ၇ိတ်အုပ်ထား၇တယ်။ ခုလဲ ကိုင်နေတဲ့ဖုန်းကစုပ်နေတာက တကြောင်း၊ အလုပ်မှာက Testing လုပ်နေတဲ့အခါ ထိုင်စောင့်နေ၇တဲ့အချိန်ဆို အတော့်ကိုပျင်းဖို့ကောင်းတာကတကြောင်း၊ လမ်းသွား၇င်း အင်တာနက်သုံးချင်တာကတကြောင်း. အကြောင်းပေါင်းမြောက်မြားစွာနဲ့ စမတ်ဖုန်းဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူများတွေ တအိုင်အိုင်ဖြစ်နေတဲ့အချိန်မှာ ကိုယ်ဝယ်လိုက်တာကဘာလဲ စဉ်းစားကြကုန်လော့။ ပူပူနွေးနွေးထွက်လာတဲ့ ဖုန်းအမျိုးအစားပါပဲ။ပါးပါးလျလျ မော်ဒယ်ဂဲလေး။ ကဲစဉ်းစားကြဦး။ Iphone လား၊ Blackberry လား၊ HTC လား။ ဘာလား ညာလား။ သိချင်၇င် ဆက်ဖတ်ပါ ပ၇ိတ်သတ်ကြီး။း)

ဖုန်းလဲချင်တဲ့အကြောင်းပြချက်တခုက ဘာလဲဆိုတော့ ဖုန်းဘီက ၂လစာမဆောင်ဖြစ်လို့ လိုင်းက ဖျက်ထားလိုက်တာ။ အ၇င် ခရီးထွက်တုန်းက ၂လကျော်နေတာတောင် မဖျက်ဘူး။ အဲဒါနဲ့ စတားဟတ်ကို စိတ်ချင်ပေါက်လာလို့ အဲဒီနေ့ပဲမနက်ပိုင်း အိပ်၇ာကနိုးတာနဲ့ ဖုန်းဘီဆောင်လိုက်တယ်။(သိပ်တော့မဆိုင်သလိုပဲ. ဒါပေမယ့်လဲ ဖုန်း၇ဖို့ကအေ၇းကြီးတယ်လေး)ေ၇ချိုးထမင်းစားပြီး ထွက်လာခဲ့တယ်။ ဖုန်းလဲမယ်ဆိုတဲ့၇ည်ရွယ်ချက်နဲ့။ဘီဆောင်ပြီးလို့ ၁နာ၇ီကျော်နေတာတောင် လိုင်းကပြန်မဖွင့်ပေးသေးဘူး။ ဖုန်းလိုင်းကို စာချုပ်အသစ်ပြန်ချုပ်မယ်ဆိုတာတောင် လိုင်းကမဖွင့်သေးလို့ဖွင့်ပြီးမှ ချုပ်လို့၇မယ်ဆိုပြီးပြောတော့ အောက်ထပ်က customer service ကိုပြေး၇သေးတယ် ၁နာရီနီးပါးကြာတယ်။ လိုင်းဖွင့်ပေးဖို့။
ပြီးတာနဲ့ အပေါ်ပြန်တက် Q နံပါတ်ယူ ထိုင်စောင့်။ ကျွန်တော့်စာချုပ်က ၁၇လကျော်ရုံပဲရှိသေးတာ။ သူတို့သတ်မှတ်ထားတာက ၂၁လသက်တမ်းမရှိသေးပဲ စာချုပ်ပြန်ချုပ်၇င် ၂၀၀ဆောင်၇မယ်တဲ့ဗျာ။ အ၇င်ကကြားဖူးတာတော့ ၁၀၀ပဲဆောင်၇မယ်ဆိုတော့ ပိုလစီကြီး ပြောင်းသွားပြီတဲ့။ ၂၀၀ဆိုလဲမထူးပါဘူး။ ၃လလောက် ငုတ်တုတ်ထိုင်စောင့်၇မှာထက်စာ၇င်တော့ နဲနဲပိုပေးလိုက်တော့လဲ စိတ်အေးသွားတာပေါ့။ မဟုတ်၇င် ဖုန်းလဲချင်တဲ့စိတ်က အငြိမ်နေနိုင်မှာမဟုတ်ဘူးလေ။ သူများတွေ စမတ်ဖုန်းကိုင်တော့လဲ ကိုင်ချင်တာကိုး။ တခုပိုကျေနပ်သွားတာက အ၇င်သူငယ်ချင်းတွေဝယ်တုန်းကထက် ၁၀၀လျှော့၇လို့။ ဈေးကျသွားတာ။ ဒီလလေးတင်ဆိုတော့ စိတ်ထဲမှာ တဟီးဟီးနဲ့ပေါ့။ ဘော်ဒါတွေကို ပြောအားရှိပြီပေါ့။း) ကဲဘာဝယ်လိုက်လဲဆိုတာကြည့်ကြတော့။







ကာဗာနဲ့ Glee စီဒီက လက်ဆောင်၇တာ။ ကာဗာက ပုံစံမကြိုက်လို့မသုံးဘူး။ ဒီတိုင်းပစ်ထားလိုက်တယ်။ စီဒီတော့ နားထောင်ဖြစ်တယ်။ အလကား၇တာဆိုတော့လဲ မဆိုးဘူးပေါ့။



ဖုန်း၇ပြီးတော့ အော့ချတ်ဖက်ကို ချီတက်လာတယ်။ မျက်နှာသစ်ဆပ်ပြာကလဲ ကုန်နေပြီဆိုတော့ Tang ပလာဇာထဲဝင်ပြီး ဝယ်လိုက်တယ်။ ကျွန်တော်ကနှာခေါင်းတဝိုက်မှာ ဆားဝက်ခြံတွေထွက်တတ်တော့ ချွေးပေါက်ကျင်းအောင်ဆိုပြီး Toner ပါဝယ်လိုက်တယ်။ တခါမှမသုံးဖူးဘူး။ သူများညွန်းလို့။ တံဆိပ်ကလဲ မသုံးဖူးဘူး။ ခုမှ စမ်းသုံးကြည့်တာ။



ဗူးသေးက ဘူးကြီး ၂ဘူးရဲ့ကလေး။း) အစမ်းသုံးဖို့ပေးလာတာ။ ဝယ်လို့ပြီးသွားတော့ ဗိုက်ဆာလာတာနဲ့ အိုင်၇ွန်က ဂျပန် ၇ာမန်ခေါက်ဆွဲဆိုင် မှာသွားစားတယ်။ နောက်တခါ စားဖို့မစဉ်းစားတော့ဘူး။ ငန်လို့။ နဂိုငန်လား ဘာငန်လားတော့မသိဘူး။ နောင်ဆိုေ၇ှာင်ပြီ။
ပုံတွေက Samsung Galaxy S2 နဲ့၇ိုက်ထားတယ်။ ကျွန်တော်ပဲ မ၇ိုတ်တတ်လို့လား။ ညဖက်ပဲဖြစ်နေလို့လားမသိဘူး။ ဝါးတားတားနဲ့။ နေ့ဖက်တော့ မ၇ိုက်ဖြစ်သေးဘူး။ နောက်နေ့တော့ စမ်းကြည့်ရဦးမယ်။



Tuesday, July 26, 2011

အတင်းအတင်း

လူတွေ လူတွေ ဘာလို့အတင်းပြော၇တာကို ဝါသနာပါကြတာလဲ။ တ၇က် အတင်းမပြော၇င် မနေနိုင်ကြဘူးဆို၇လောက်အောင် မျက်နှာချင်းဆိုင်ပြီဆိုတာနဲ့ ဟိုလူ့အတင်းပြော ဒီလူ့အတင်းပြောမှ နေသာထိုင်သာ ရှိကြတယ်ထင်တယ်။ နဂိုကမှ အဲလိုအတင်းပြောတဲ့လူတွေကို ကြည့်လို့မ၇တာ။ ခုအလုပ်ဝင်တော့ အတင်းတုပ်တတ်တဲ့ အမိစာေ၇းမ ၂ယောက်နဲ့တွေ.ပါေ၇ာလား။ ပြောလိုက်တဲ့အတင်းတွေ။ သူတို့ပြောတဲ့အတင်းထဲမှာ ကောင်းတာတခုမှကိုမပါဘူး။လူတယောက်၇စ၇ာမရှိအောင်ကို ပြောတတ်ကြတယ်။ ပြောစ၇ာအကြောင်းအ၇ာကိုလဲ မကုန်နိုင်ကြဘူး။ ကြာလာတော့ ဘေးနားမှာထိုင်တဲ့လူတွေက မခံနိုင်ကြတော့ဘူး။ အဲဒါကြောင့်လဲ သူတို့နဲ့မတည့်တဲ့လူက ခပ်များများ။ ဘယ်တည့်မလဲဗျာ. အား၇င် အတင်းတွေပဲအုပ်နေကြတာ။ အတင်းအုပ်၇ုံတင်မကဘူး။ အလုပ်ကလူတွေကိုပါ တယောက်ပြီးတယောက် စလိုက် နှောင့်ယှက်လိုက်နဲ့ တဟီးဟီး တဟားဟားနဲ့၇ယ်နေလိုက်ကြတာ။ အား၇င် စားပွဲပေါ်ကဖုန်းတွေကို တိတ်တိတ်လေးနဲ့ဆက် ဟိုဖက်ကမသိပဲကိုင် ပြန်မထူးပဲ တခွီးခွီးနဲ့၇ီနေကြတာ။ အလုပ်က တခြား၇ုံးခန်းတွေနဲ့ သီးခြားဆောက်ထားတာ။ အပေါ်က၇ုံးခန်း အောက်ထပ်က အင်ဂျင်နီယာတွေ Testစစ်တဲ့နေ၇ာ။ အပြင်ဧည့်သည်တွေလာ၇င် အောက်ထပ်လော်ပီကနေဝင်၇တာ။ တံခါးက အော်တိုမှန်တံခါး။ ဒါပေမယ့် ဝန်ထမ်းတွေရဲ့ကဒ်နဲ့မှ ဖွင့်လို့၇တာ။ အဲဒီတော့ ဧည့်သည်တွေက ဘဲလ်တီး၇င် အပေါ်ကနေချက်ချင်းဖွင့်ပေးလို့၇အောင် ၇ီမုဒ်ကို အဲဒီစာေ၇းမ ၂ယောက်က ထိန်းချုပ်ထား၇တာလေ။ သူတို့က များတော့အားဖြင့်၇ုံးခန်းမှာပဲရှိတာကိုး။ အဲဒါ ရီမုဒ်နဲ့ တံခါးနားလူလာ၇င် ဖွင့်ဖွင့်တတ်ကြတယ်။ သန့်၇ှုင်းေ၇းလုပ်တဲ့ အဒေါ်ကြီးဆို သူတံခါးနားေ၇ာက်လာ၇င် တံခါးကမဖွင့်ပဲ အလိုလိုပွင့်သွားပါလာပေါ့။ တွေ.တဲ့လူကိုခေါ်မေး..တံခါးများပျက်နေတာလားပေါ့။ လူတွေကလာကြည့်တော့ မဖွင့်။ကြည့်ပေးတဲ့လူက ပြန်လှည့်သွားတော့ တံခါးကပြန်ဖွင့်လာ။ အဒေါ်ကြီးခမျာ နေ့ခင်းကြောင်တောင် သရဲခြောက်ခံ၇သလားပေါ့။ မယ်မင်းကြီးမတွေက အပေါ်ထပ်ကနေ စီစီတီဗီနဲ့ ကြည့်ပြီး ၇ီမုဒ်နဲ့ ကလိနေတာ။ တခါတခါ ကိုယ့်ကိုပါ သူတို့အဖွဲ.ထဲ ဆွဲခေါ်တတ်ကြသေး။ကိုယ်ကပါ သူတို့နဲ့ေ၇ာယောင်ပြီး လုပ်မိသေး။ ဒါပေမယ့်လဲ အတင်းပြောတာကြီးကို ဘယ်လိုမှကြည့်လို့မ၇ဘူးဖြစ်နေတယ်။ အဲလိုလူတွေနဲ့ေ၇ရှည်ဘယ်လိုလက်တွဲလုပ်၇မလဲ မသိတော့ဘူး။ ခေါင်းစားတယ်.. ဒေါ်တင်းတုပ်တို့၇ယ်။

Sunday, May 29, 2011

Jason Chen

ဒီတလော YouTube မှာ MTVသီချင်းတွေပဲ နားထောင်ဖြစ်နေတယ်။ သူငယ်ချင်းတွေ ညွှန်းလို့ Jason Chen ဆိုတဲ့ အမေ၇ိကန်တ၇ုတ်ကောင်၇ဲ့ သီချင်းတွေနားထောင်မိတယ်။ သူ.အသံနဲ့ ပြန်ဆိုထားတာ တော်တော်ကောင်းတယ်။ သူပြန်ဆိုတဲ့သီချင်းတွေကို နားထောင်၇င် မူ၇င်းတေးသံရှင်နဲ့ တွဲတွဲပြီးနားထောင်တယ်။ တချို.သီချင်းတွေကို မူ၇င်းသီချင်းထက် ပိုကြိုက်မိတယ်။ အဲဒီထဲက ကျွန်တော်ကြိုက်တဲ့ သီချင်းလေးတွေ တင်လိုက်တယ်။ အကြိုက်ဆုံးက Jason Chen နဲ့ Joseph Vincent ပြန်ဆိုထားတဲ့ Just a Dream.။ ဒါနဲ့ မိန်းကလေးအများစုက Joseph Vincent ကိုပိုကြိုက်ကြတယ်ထင်တယ်။ ရုပ်ချောတော့လဲ နှာတဖျားတာသွားတာပေါ့။း)



ပြီးတော့ Justin Bieber ရဲ့ Somebody to love. မဆိုးဘူး။ Megan lee နဲ့တွဲဆိုထားတာ။ ကျွန်တော်က အဲလိုမြူးမြူးလေးတွေ ကြိုက်တယ်။ မှတ်ချက်။ ။ သူတို့တွေက အဆိုတော်မဟုတ်ဘူး။ YouTube မှာ အပျော်တမ်းသီချင်းဆိုကြတာတွေပါ။ ဒါပေမယ့် iTunes မှာ Jason Chen ရဲ့ ပြန်ဆိုသီချင်းတွေကို ဝယ်လို့၇ပါတယ်။



အောက်က MTV က Jason Chen မဟုတ်ဘူး။ ဘိုးနပ်စ်အနေနဲ့ ကိုရီးယားအဆိုတော်အဖွဲ. 2NE1 ရဲ့ သီချင်းကိုတင်လိုက်တယ်း)။ ကို၇ီးယားသီချင်းတွေကို သိပ်မနားထောင်ဖြစ်ဘူး။ အထူးသဖြင့် အဖွဲ.တွေဆိုထားတဲ့သီချင်း။ ဒါပေမယ့် ဒီသီချင်းကိုတော့ တော်တော်ကြိုက်တယ်။ MTV ကြည့်လို့ကောင်းတာလဲပါတာပေါ့။

Saturday, May 14, 2011

ကမ္ဘာပေါ်က ကိန်းဂဏန်း

ဘာ၇ယ်မဟုတ်ပါဘူး.ခုတလော အလုပ်ကတပတ်ကို ၃၇က်စီပိတ်နေတော့ အားအားယားယားဟိုရှာဒီရှာဖတ်ထားတာလေးတွေကို မှတ်ထားတာပါ။သိပြီးသားလူတွေလဲ ဒီတိုင်းငြိမ်ငြိမ်လေးနဲ့ကျော်ဖတ်သွားပါလို့..ဟဲဟဲ။

ကားအေ၇အတွက်-အခုလက်၇ှိ ကမ္ဘာပေါ်မှာ အကြမ်းဖျင်းအားဖြင့် ကားအစီးေ၇ 600,000,000 ကျော် ကိုမောင်းနှင်အသုံးပြုနေကြပါတယ်တဲ့။အောက်မှာ ဇယားလေးနဲ့ ခုနှစ်အလိုက် ကားထုတ်လုပ်မှုအေ၇အတွက်ကိုပြထားပါတယ်။
ခုနှစ် ကားအစီးေ၇
2009 51,971,328
2008 52,940,559
2007 54,920,317
2006 49,886,549
2005 46,862,978
2004 44,554,268
2003 41,968,666
2002 41,358,394
2001 39,825,888
2000 41,215,653
1999 39,759,847
ဒီလိုနှုန်းနဲ့ ဆက်ထုတ်လုပ်နေမယ်ဆို၇င် အနှစ် ၃၀ အကြာမှာ လက်၇ှိကားအေ၇အတွက်၇ဲ့ ၂ဆ ဖြစ်လာနိုင်ပါတယ်။
OICA (International organization of motor vehicle Manufacturers)အဖွဲ.၇ဲ့ စာ၇င်းပြုစုချက်အ၇ ၂၀၁၀ မှာ တ၇ုတ်နိုင်ငံက ကမ္ဘာပေါ်မှာ မော်တော်ကားထုတ်လုပ်မှုအများဆုံးနိုင်ငံ၊ ဒုတိယကတော့ ဂျပန်နဲ့ ဂျာမနီက တတိယ ထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပါတယ်တဲ့ဗျာ။

ကမ္ဘာ.နိုင်ငံအေ၇အတွက်-၂၀၁၁ ဇူလိုင်လမှာ နိုင်ငံပေါင်း ၁၉၆နိုင်ငံရှိလာပါမယ်။ နိုင်ငံသစ်တစ်ခု တိုးလာမှာပါ။ဘာလို့လဲဆိုတော့ ဆူဒန်တောင်ဘက်ပိုင်းဟာ ဆူဒန်နိုင်ငံကနေ တ၇ားဝင်ခွဲထွက်မှာမို့လို့ပါ။ နိုင်ငံအမည်ကတော့ 'South Sudan' ပါ။ United Nations မှာ အဖွဲ.ဝင်နိုင်ငံပါင်း ၁၉၂ နိုင်ငံရှိပါတယ်။ လူတွေက အဲဒီအေ၇အတွက်ကို ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအေ၇အတွက်အဖြစ်နဲ့ မှားနေကြပါတယ်။ တကယ်တမ်းတော့ Vatican City နဲ့ Kosovo ဟာ UN အဖွဲ.ဝင်နိုင်ငံမဟုတ်ပေမယ့်လဲ လွတ်လပ်ေ၇း၇ပြီးတဲ့ နိုင်ငံတွေအဖြစ်နဲ့ တည်ရှိနေပါတယ်။ ဒီမှာ ၁၉၄ နိုင်ငံပဲရှိ၇မှာ. ဘာလို့ ၁၉၅လို့ သတ်မှတ်ကြတာလဲဆိုတာ မေးစ၇ာပါ။ တစ်နိုင်ငံကျန်ပါသေးတယ်။ သူကတော့ ထိုင်ဝမ်ပါ။ ထိုင်ဝမ်ဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ်၇ပ်တည်ဖို့ သတ်မှတ်ချက်တွေနဲ့ပြည့်စုံပေမယ့် နိုင်ငံေ၇းအခြေအနေအ၇ လွတ်လပ်ေ၇း၇နိုင်ငံအဖြစ် မသတ်မှတ်နိုင်သေးပါဘူး။ ထိုင်ဝမ်ဟာ ၁၉၇၁ အထိ UN အဖွဲ.ဝင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်း တ၇ုတ်နိုင်ငံက ထိုင်ဝမ်ကို သူ.ရဲ့ ပြည်နယ်တခုအဖြစ်သတ်မှတ်နေဆဲပါ။ အဲဒီတော့ ထိုင်ဝမ်ကို နိုင်ငံအဖြစ်နဲ့သတ်မှတ်မယ်ဆို၇င် ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၅နိုင်ငံရှိပါတယ်ဆိုတဲ့အဖြေက ပိုမှန်ပါလိမ့်မယ်။

HIV/AIDS ကူးစက်ခံစားနေ၇သူအေ၇အတွက်-၂၀၀၉ ခုနှစ်မှာ HIV/AIDSေ၇ာဂါနဲ့အသက်ရှင်နေသူ ပျမ်းမျှ 33.3 သန်းရှိပါတယ်။ 2.6 သန်းက အသစ်စက်စက်ကူးစက်ခံခဲ့၇ပါတယ်။ 1.8 သန်းက ဒီေ၇ာဂါကြောင့် သေဆုံးခဲ့ကြတယ်။
အာဖ၇ိကဒေသက 22.5 သန်းနဲ့အများဆုံးဖြစ်ပြီး ဒုတိယကတော့ အေ၇ှ.၊တောင်၊ အေ၇ှ့တောင်အာရှဒေသက ၄.၁သန်းရှိပါတယ်။

မျိုးသုန်းသွားတဲ့ မျိုးစိပ်အေ၇အတွက်(အပင်နဲ့ သတ္တဝါ)-ပျမ်းမျှအားဖြင့် ၂၀၁၁ မှာ 50000ကျော် မျိုးသုန်းသွားပါပြီ။

မိမိကိုယ်ကို သတ်သေမှု- ဒီနှစ်မှာ ယခုချိန်ထိ 39000 ကျော်သာလူတွေက မိမိကိုယ်ကိုသတ်သေခဲ့ပါတယ်။

Louis Vuitton ဆိုင်အေ၇အတွက်- ကမ္ဘာနာမည်ကြီးတံဆိပ် LV ဟာ နိုင်ငံပေါင်း ၄၄ နိုင်ငံမှာ ဆိုင်ပေါင်း ၃၀၀ကျော်ဖွင့်လှစ်ထားပါတယ်။ ဝန်ထမ်းအေ၇အတွက်က 9671 ယောက်ရှိပါတယ်တဲ့ဗျာ။

တန်ဖိုးအကြီးဆုံးနာ၇ီ- The Henry Graves Supercomplication ကို $11,002,500 နဲ့ ၁၉၉၉ ခုနှစ်မှာေ၇ာင်းခဲ့ပါတယ်။ အဲဒီ အိတ်ဆောင်နာ၇ီကို ၅နှစ်တာအချိန်ယူပြီး ဒီဇိုင်းဆွဲခဲ့၇ပါတယ်။ Luxuryနာ၇ီတွေ ထုတ်တဲ့ Patek Phillipeက ၁၉၃၃မှာ ထုတ်လုပ်ခဲ့တာပါ။








မှတ်ချက်။ ။ယခုဖော်ပြထားတဲ့ကိန်းဂဏန်းတွေက ကျွန်တော်ဒီပို့စ်ေ၇းနေဆဲအချိန်ကဖြစ်ပါတယ်။ အချိန်နဲ့အမျှပြောင်းလဲနိုင်ပါတယ်။ Updated ဖြစ်တာတွေကိုကြည့်ချင်၇င် အောက်က ဆိုဒ်တွေမှာဝင်ကြည့်နိုင်ပါတယ်။

http://www.worldometers.info/cars/
http://oica.net/category/production-statistics/
http://geography.about.com/cs/countries/a/numbercountries.htm
http://geography.about.com/b/2011/02/07/the-worlds-newest-country.htm
http://www.avert.org/worlstatinfo.htm
http://www.worldometers.info/
http://most-expensive.net/pocket-watch

Saturday, May 7, 2011

မှောင်အတိကျနေတဲ့ သူတို့ဘဝ

သတင်းဆောင်းပါးတပုဒ်ဖတ်လိုက်၇လို့ လူအများသိ၇အောင် ကူးယူဖော်ပြလိုက်ပါတယ်။ မြစ်ကြီးနား၊ ဝိုင်းမော်ဆိုတာက ကျွန်တော့ဇာတိ။ မူးယစ်ဆေးဝါး ပေါများတဲ့နေ၇ာဆိုတာတော့ သိတယ်။ ဒါပေမယ့် ဒီဆောင်းပါးကိုဖတ်လိုက်ပြီးမှ တော်တော့ကိုစိတ်မကောင်းဖြစ်သွားတယ်။ လူငယ်တွေဘယ်လောက် လမ်းမှားေ၇ာက်နေပြီလဲဆိုတာမပြောပြတတ်တော့ဘူး။သူတို့ဘဝအတွက် ၇င်လေးတယ်။ ယောက်ျားလေးတွေမှ မဟုတ်ပါဘူး။မိန်းကလေးတွေလဲမူးယစ်ဆေးဝါးသားကောင်ဖြစ်နေကြပါပြီ။ဘယ်တော့မှ ဒီဘဝဆိုးကလွတ်မြောက်ကြမှာလဲ မသိတော့ဘူးဗျာ..း(



ဆိုင်းဆွတ်ရေးသားသည်။

ဝိုင်းမော်၊ ဧပြီ ၂၈၊ ၂၀၁၁ (YPI) - တစ်နေ့တော့ ကျွန်မ ၀ိုင်းမော်ဘက်ကို ဆိုင်ကယ်နဲ့သွားဖြစ်ခဲ့ပါတယ်။ ၀ိုင်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့ရဲ့ ဟိုမှာဘက်ကမ်းမှာရှိတဲ့ မြို့တစ်မြို့ပါ။ မြစ်ကြီးနားနဲ့ ၀ိုင်းမော်ကြားမှာတော့ ဧရာဝတီမြစ်ကြီးက တသွင်သွင်စီး ဆင်းလို့နေပါတယ်။

ဝိုင်းမော်မြို့ပေါ်မှာ ဆိုင်ကယ်ပတ်စီးရင်း ပတ်ဝန်းကျင်ကို ကျွန်မလေ့လာနေချိန်မှာ ကျွန်မ သတိထားလိုက်မိတာက ယောက်ျားလေး တော်တော်များများရဲ့ မျက်လုံးတွေဟာ ရီဝေေ၀ဖြစ်နေကြတာကို ကျွန်မ သတိထားလိုက်မိပါတယ်။ တကယ်တော့ ဒီဒေသဟာ မူးယစ်ဆေးဝါး အလွန်ပေါများတဲ့နေရာပါ။

ဒီလိုနဲ့ ကျွန်မ လမ်းပေါ်မှာ ဆိုင်ကယ်နဲ့ အနည်းငယ်ကြာ ဦးတည်ရာမဲ့ မောင်နှင်းနေလိုက်ပါတယ်။ ရုတ်တရက် ကျွန်မ ရှေ့မှာ ယောက်ျားလေးတစ်ယောက် ဘွားခနဲပေါ်လာတယ်။ သူ့မျက်လုံးတွေကလည်း ရီဝေလို့။

သူ ကချင်အမျိုးသားတစ်ယောက်ဖြစ်လိမ့်မယ်လို့ ကျွန်မ သိလိုက်တယ်။ ပုံစံက အရပ်ပုပု၊ ကြက်ပေါင်ဖိနပ်အပြာနဲ့ ဘောင်းဘီက စစ်ဘောင်းဘီနဲ့။ ကြည့်လိုက်ရုံနဲ့ မူယစ်ဆေးဝါး သုံးစွဲသူမှန်း သိသာတယ်။

ကျွန်မ သူ့ကိုမေးလိုက်တယ်။ ဒီမှာ ဘိန်းစားတွေ တော်တော်များများ စုဝေးတဲ့နေရာ ဘယ်နေရာလဲလို့ ကျွန်မ မေးလိုက်မိပါတယ်။ သူကတော့ ကြောက်သွားပုံပ။ဲ “ဘာလုပ်မလို့လဲ ကျွန်တော်မသိဘူးဗျာ” ဆိုပြီး ပြန်ပြောတယ်။ ကျွန်မမေးခွန်း တဲ့တိုးကြီးဖြစ်သွားတယ်ဆိုတာ သိတယ်။ ကျွန်မက ကချင်စကားနဲ့ပြန်ပြောလိုက်တယ်။ “ဘာမှမဟုတ်ပါဘူး။ ကျွန်မ က စာရေးမလို့ပါ။ သူတို့ရဲ့ ခံစားချက်လေးတွေကို ရေးမလို့ပါ” ဆိုပြီး ကျွန်မက စကားကို ညင်သာစွာ ပြန်ပြောလိုက်ပါတယ်။

ကချင်လူမျိုးတွေဟာ အချင်းချင်းဆို ကူညီတတ်တဲ့ စိတ်ကလေး အပြည့်ရှိတယ်ဆိုတာ ကျွန်မသိတယ် ။ သူ့ကို ကချင်စကားနဲ့ပြန်ပြောလိုက်တာ ကျွန်မအတွက် အခြေအနေ အများကြီးပြောင်းလဲသွားစေတယ်။ သူကပြန်မေးပါတယ်။ “ရဲတွေနဲ့ အဆက်အသွယ်တော့ မရှိပါဘူးနော်” တဲ့။

ပြီးတော့ “ကျွန်တော်လဲ အဲဒီကိုသွားမလို့။ လိုက်ချင်ရင်လိုက်ခဲ့”ပါ ဆိုပြီးခေါ်သွားတယ်။

ကျွန်မရဲ့ ဆိုင်ကယ် အနောက်မှာ သူ့ကိုထိုင်ခိုင်းတယ်။ ကျွန်မတို့နှစ်ယောက် ဆယ်မိနစ်ခန့် သွားမိတဲ့အခါ သူတို့စားကျက်လို့ ထင်ရတဲ့ နေရာကို ရောက်လာတယ်။ သွပ်မိုးထရံကာ အဆောက်အအုံတစ်ခုပါ။ ကျွန်မရောက်သွားတဲ့အချိန်က မနက် ၁၀ နာရီခွဲလောက်။

အဲဒီမှာ အမျိုးသား လေးယောက် လဲလျောင်းနေတာကို ကျွန်မမြင်လိုက်ရပါတယ်။ ကျွန်မ သိလိုက်တယ်…သူတို့ ဘိန်းမှိန်းမှိန်းနေတယ်ဆိုတာကို။

“ဒီနေ့လူသိပ်မရှိဘူး။ ဆေးမရလို့ထင်တယ်” လို့ ကျွန်မကိုခေါ်လာတဲ့လူက ပြောတယ်။ ပြီးတော့ “ဒီမှာ အခုတွေ့နေရတဲ့ သူတွေက ထိုးပြီးလို့ မှိန်းနေကြတဲ့သူတွေပါ” လို့ ပြောပြတယ်။

ဆေးထိုးတာတော့ ဘယ်နေရာမှာ ထိုးကြလဲလို့ ကျွန်မ ပြန်မေးလိုက်တယ်။

“ထိုးတဲ့နေရာတော့ အတည်တကျကို မရှိပါဘူး။ ရဲတွေသိသွားရင် တစ်နေရာပြောင်းလိုက်။ အဲဒီနေရာကို သိသွားရင် နောက်တစ်နေရာကို ပြောင်းလိုက်ပေါ့” တဲ့။

ကျွန်မရောက်သွားတဲ့ သွပ်မိုးထရံကာ အဆောက်အအုံထဲမှာ ငါးမိနစ်လောက်အတွင်းမှာပဲ မူးယစ်ဆေးဝါးသုံးစွဲသူတွေ တစ်စ၊ တစ်စ များများလာနေတယ်။ ဒီနေရာမှာ တချို့က မနက်စာ ဆေးထိုးပြီး လာမှိန်းနေကြတယ်။ တစ်ချို့ကဆေးပြေသွားလို့ နေလည်စာ ဆေးထိုးဖို့အတွက် ဘယ်ကနေ၊ ဘယ်လိုယူရပါ့မလဲ ပူပန်နေကြတယ်။ဘယ်သူငယ်ချင်းကများသူတို့ကိုဆေးလာပေးမလဲ၊ဘယ်သူငယ်ချင်းက ဆေးသွားဝယ်ခိုင်းမလဲ၊ ဆေးရအောင်ဘယ်လို လုပ်ကြမလဲဆိုပြီး စိုးရိမ်စိတ်တွေနဲ့။

သူတို့ဘ၀က တကယ်ကို သနားစရာကောင်းပါလားလို့ ကျွန်မ ခံစားလိုက်မိတယ်။ အိမ်ထောင်တစ်ခုမှာ မနက်စာ၊ နေ့လည်စာ၊ ညနေစာရှာကြရတဲ့ သူတွေထက်တောင် သူတို့တတွေက အပန်းကြီးနေကြသလိုမျိုး။

သူတို့ကို ကြည့်ရတာ ကျွန်မစိတ်မချမ်းသာဘူး။ မနက်စာ ဆေးသုံးပြီးရင် နေ့လည်စာအတွက် ဘယ်ကရမလဲ၊ ညနေအတွက် ဘယ်လိုရှာရမလဲ…စတဲ့ စိုးရိမ်ပူပန်စိတ်တွေက ဒီဆေးကို သူတို့ သုံးစွဲနေသ၍ ပူပန်သွားကြရဦးမှာပေါ့။

မူယစ်ဆေးဝါး အကြောထဲ ထိုးသွင်းတာဟာ အန္တရာယ်သိပ်များလို့ အစာထိုးကုသတဲ့ဆေး မတ်သတုန်းကို မြစ်ကြီးနားမှာ ရနိုင်ပါတယ်။ မတ်သတုန်းဆိုတာဟာ ဘိန်းဖြူလို အရှိန်ပြင်းပြင်းခံစားရတာမဟုတ်ဘဲ မတ်သတုန်း မနက်သောက်ထားရင် တစ်နေကုန် တဖြည်းဖြည်းချင်း အရှိန်တက်ပြီး တစ်နေကုန် မှိန်းနေလို့ရပါတယ်။

ဒါပေမယ့် အဲဒီဆေးသောက်ဖို့ ငွေ ခြောက်သောင်းထည့်သွင်းပြီးမှ သောက်ရပါတယ်။ ငွေးကြေးအခက်အခဲရှိတဲ့ သူတွေမှာ ခြောက်သောင်းဆိုတာကို တစ်ပြိုင်နက် မပေးနိင်တာကြောင့် ဆေးထိုးတာ ဖြတ်ချင်ပေမယ့် မဖြတ်နိုင်ကြဘူးဖြစ်နေတယ်လို့ မူယစ်ဆေးဝါသုံးစွဲသူတစ်ဦးက ပြောပါတယ်။

ကျွန်မသူတို့ကိုကြည့်ပြီး သနားလာပါတယ်။ ပတ်ဝန်းကျင်မှာ သူတို့ကို ရှောင်ဖယ်၊ ကြိမ်းမောင်း၊ ချိုးနှိမ်ဆက်ဆံမှုတွေကလည်း ဒုနဲ့ဒေးရှိလို့နေပါတယ်။

ဒါကြောင့်လည်း ဆေးစွဲသူတွေဟာ မကောင်းမှန်းသိလျက်နဲ့ ဒီဆေးကို မစွန့်နိုင်ကြတော့ဘဲ ဒီစက်ကွင်းထဲမှာပဲ မထူးဇာတ်ခင်းကြရင်းနဲ့ နစ်ပြီးရင်းနစ်နေကြတော့တာပဲဖြစ်ပါတယ်။

ဒီလိုနဲ့ သူတို့နဲ့ ကျွန်မရင်နီးမှုတွေ ယူလိုက်ပါတယ်။ အားလုံးနီးပါး ကချင်လူမျိုးတွေဆိုတော့ အမျိုးတွေမိတ်ဆက်ကြတဲ့အခါ မောင်နှမတွေတော်လိုက်၊ ဦးလေးတွေ တော်လိုက်နဲ့ ရင်းနှီးသွားကြတယ်။

ကျွန်မက မူယစ်ဆေးဝါး အကြောထဲထိုးသွင်းတာကို မမြင်ဖူးဘူး၊ ကျွန်မ တွေ့ဖူးချင်တယ်လို့ သူတို့ကိုပြောလိုက်တော့ သူတို့က ဒီနေရာမှာ ဆေးမထိုးဘူး။ဝိုင်းမော်မြို့ရဲ့ လယ်ကွင်းပြင်တစ်ခုမှာ တည်ရှိတဲ့ သုဿန်မှာသွားထိုးကြတယ်တဲ့။ အရင်ကဆို မြို့လယ်က ဘုရား နောက်မှာ ဆေးထိုးကြတယ်။ အခုအဲဒီနေရာက ရဲတွေသိသွားလို့ဆိုပြီးအခု သုဿန်ကိုပြောင်းသွားကြတယ်လို့ လဲလျောင်းနေတဲ့ လူတစ်ဦးက လှမ်းအော်ပြောတယ်။

ကျွန်မ အဲဒီနေရာကို ဆက်သွားဖြစ်ခဲ့ပါတယ်။ သုဿန်သွားလမ်းမှာ လူငယ် အသက် ၂၀ အရွယ်တစ်ဦးက အသက် ၄၀ ကျော် ဦးလေး တစ်ယောက်ဆီက ဆေးဝယ်နေတာကို ကျွန်မ လှမ်းမြင်လိုက်ရတယ်။ ကျွန်မကို သူတို့ ဂ၇ုမစိုက်အားကြဘူး။ သူတို့က ယင်းထနေကြတဲ့ပုံစံ၊ ဆေးကို သဲကြီးမဲကြီး ရောင်းဝယ်နေကြတယ်။ အသက်၄၀ ကျော် ဦးလေး ကြီးကတော့ ဟောင်းနွမ်းနေတဲ့ လွယ်အိတ်တစ်လုံးကို လွယ်ထားပြီး တိုက်ငါးလုံးဆေးဗူး ၅ဗူးလောက်လက်မှာ ကိုင်ထားတယ်။ (တိုက်ငါးလုံးဗူးဆိုတာ တရုတ်ပြည်က လာတဲ့ ဗူးပေါ်မှာ တိုက်ငါးလုံးပုံပါတဲ့ လက်နှစ်ဆစ်လောက်ပဲရှိတဲ့ ငှက်ဖျားဆေးဗူးပါ။ ဗူးအခွံပေါ်က တိုက်ငါးလုံးပုံကို ကြည့်ပြီး တိုက်ငါးလုံးဗူးလို့ ခေါ်ကြတာပါ။ အဲဒီငှက်ဖျားဆေးဗူးအခွံကို ဆေးမှုန့်ထည့်ပြီး ချိန်တွယ်တဲ့အခါမှာ သုံးကြတယ်။လက်နှစ်ဆစ်လောက်ပဲရှိတဲ့အဲဒီဗူးနဲ့ ဆေးအပြည့်ဆိုရင် ငွေတစ်သောင်းလောက် ဈေးပေါက်ပါတယ်။)

လူငယ်က တစ်ထောင်ဖိုးလောက် ပေးပါဆိုတော့ ဦးလေးကြီးက သူလက်ထဲက တိုက်ငါးလုံး ဗူးထဲက ပါရာစီတမော့ တစ်ခြမ်းကြိတ်စာလောက်ပဲရှိတဲ့ ဆေးမှုန့်ကို ပေးလိုက်တယ်။ လူငယ်ကလည်း ထပ်ထည့်ပါဦးဆိုတော့ ဦးလေးကြီးက တော်ပြီလေ၊ အခုဆေးမရဘူး၊ ရှားတယ် ဆိုပြီး ပြန်ပြောတယ်။ ဒီလိုနဲ့ လမ်းဘေးမှာ သူတို့နှစ်ယောက် ငြင်းခုန်နေကြတယ်။ ကျွန်မက သူတို့ ဘေးမှာသွားရပ်ပြီး မသိသလိုနဲ့ ကျွန်မ သွားမေးလိုက်တယ်။ ဦးလေးတို့ဘာလုပ်နေကြတာလဲ၊ ဒါကဘာလဲလို့ သူကိုင်ထားတဲ့ ဘိန်းဖြူဗူးကို ကျွန်မ လက်ညှိးထိုးပြီး မေးလိုက်တယ်။သူက ကျွန်မကိုကြည့်ပြီးဝယ်မလို့လားလို့ မေးတယ်။ ကျွန်မ က မ၀ယ်ပါဘူး။ မမြင်ဖူးလို့ ကြည့်နေတာပါဆိုပြီး ကျွန်မ အရမ်းအံသြတဲ့ပုံစံနဲ့ သူတို့ကိုရပ်ကြည့်နေလိုက်တယ်။သူက ကျွန်မ ကို ကြောက်စရာ မဟုတ်တဲ့ကလေးလေး တစ်ယောက်လို ထင်သလားမသိ။ဦးလေး ဆေးသွားထိုးမလို့လားလို့ ကျွန်မက ကချင်စကားနဲ့ လှမ်းမေးလိုက်တယ်။ သူက ဟုတ်တယ်လေတဲ့။ကျွန်မက လိုက်လို့ ရမလားလို့မေးလိုက်တော့၊ သူက အော်ထိုးတာ မတွေဖူးဘူးလား ဆိုပြီး သူအံသြစွာနဲ့ ပြန်မေးလိုက်တယ်။ ဒါဆိုလိုက်ခဲ့လေဆိုပြီး ကျွန်မ ဆိုင်ကယ်နောက်ကို တက်ထိုင်လိုက်တယ်။

ကျွန်မ ချက်ခြင်းပဲ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ ၀င်လာမိတယ်။ ကျွန်မ ဆိုင်ကယ်နောက်မှာ မူးယစ်ဆေးနဲ့တကွ လူတစ်ယောက်ကို သယ်ဆောင်လာမိသလိုဖြစ်နေတယ်။

ဘိန်းဖြူဗူးတွေ အများကြီးပါလာတဲ့ လူက ကျွန်မ ဆိုင်ကယ်ပေါ် ရောက်နေတယ်။ ကျွန်မ တို့ကို ရဲတွေတွေ့သွားရင်ဆိုတဲ့ စိတ်ကကျွန်မ စိတ်ကို တုန်လှုပ်သွားစေတယ်။

သိပ်တော့မဝေးပါဘူး။ ခြုံတောတွေဖြတ်ပြီး လယ်ကွင်းတစ်ခုကို ရောက်သွားတယ်။ ဖြူဖွေးပြီးငြိမ်သက်နေတဲ့ သုဿန်က အနံ့အသက်ပေါင်းစုံ ကျွန်မနှာခေါင်းထဲ ပြေးဝင်လာတယ်။ သုဿန် ရောက်ပြီးတဲ့နောက် ကျွန်မ တစ်ကိုယ်လုံးတုန်လူပ်နေတာကို သတိထားမိလိုက်တယ်။

ကျွန်မ ဆိုင်ကယ်နောက်က အသံတစ်သံထွက်လာတယ်။ ရောက်ပြီ ဒီနေရာပဲ ဆိုပြီး ကျွန်မ ကို လက်ညှိထိုးပြလိုက်တဲ့ နေရာက အလောင်းတွေကို ခဏ ထားတဲ့ ဇရပ်တစ်ခုဖြစ်နေတယ်။ ဒီဇရပ် အနောက်ဘက်မှာ ဂူတွေရှိတယ်။ အဲဒီဂူတွေကြားထဲ ကျွန်မတို့ ၀င်သွားတယ်။ ကျွန်မလည်း မူယစ်ဆေး အကြောထဲထိုးသွင်းတာကို မြင်ချင်ဇောနဲ့ လိုက်ဝင်သွားတယ်။

ကျွန်မ အခုပြန်တွေးလိုက်ရင် ခြောက်ခြားစရာကြီးပဲ။ သူဝင်သွားတဲ့နေရာက ဆေးထိုးအပ်တွေ လမ်းခင်းထားတဲ့နေရာပါ။ တချို့ဆေးထိုးအပ်တွေဆို သွေးစတောင် မခြောက်သေးပါဘူး။ မတွေးရဲစရာပါ ။ ကျွန်မ ဒီအပ်တွေနဲ့ ထိမိမယ်ဆိုရင်….။

ဦးလေးဟာ ဂူဖြူဘေးနားမှာ ထိုင်လိုက်ပြီး သူလက်ထဲက သွေးကြောကို ရှာနေတယ်။ သူလက်ကသွေးကြောတွေကို မတွေ့တာနဲ့ ပေါင်နဲ့ ဂခေါက်ကွေးကြားကို သူလက်ကို ညှပ်လိုက်တယ်။ ဒီတော့မှ သူအကြောကို ရှာတွေ့ပြီး အပ်ကို တဖြည်းဖြည်းချင်း ထိုးသွင်းတယ်။ ဆေးထိုးအပ်ထဲက ဘိန်းဖြုကို ချက်ချင်း မထိုးသွင်းသေးဘဲ ကိုယ်ခန္စာထဲက သွေးတွေကို စုတ်ယူတယ်။ ဒီသွေးတွေနဲ့ အတူ ဘိန်းကို တစ်ဖြည်းဖြည်းချင်း ထိုးသွင်းတယ်။

သူဆေးသာထိုးနေတယ်။ ကျွန်မ မေးတဲ့မေးခွန်းတွေကို တစ်လုံးချင်းစိတ်ရှည်စွာ ဖြေနေပါတယ်။ သူဆေးထိုးပြီးသွားပြီ။ ဒါပေမဲ့ သူလက်က ဆေးထိုးအပ်ကို မဖြုတ်သေးဘဲ အပ်ကို တန်းလန်းစိုက်ထားသေးတယ်။ ကျန်မက စိုးရိမ်စိတ်နဲ့ ဦးလေး ဒီအပ်ကို ဖြုတ်လိုက်ပါလားလို့ ပြောလိုက်မိတယ်။ ဒီလိုနဲ့ သူအကြောထဲက သွေးစတွေ ပြည့်နှက်နေတဲ့ ဆေးထိုးအပ်ကို ဆွဲနုတ်လိုက်တယ်။ ပြီးတော့ သူခြေထောက်အောက်မှာပဲ ပစ်ချလိုက်တယ်။

အဲဒီဦးလေးက ကျွန်မကို ပြန်ရအောင်လေဆိုပြီး လှမ်းပြောလိုက်တော့ ကျွန်မ ချက်ချင်း စဉ်စားမိလိုက်တာက သူက ဆေးထိုးပြီး မျက်လုံးတွေက သာမန်မဟုတ်တော့ဘူး။ ငိုက်လည်း ငိုက်နေတယ်။ ကျွန်မ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လို့် သူ့အတွက် အန္တရာယ်များနိင်တယ်။ ကျွန်မ အတွက်လည်း အန္တရာယ်များတယ်ဆိုပြိး ကျွန်မစဉ်စားလိုက်ပြီး ဥင်္ီးလေးပြန်နှင့်ပါ။ ကျွန်မကြည့်စရာတွေရှိလို့ပါပြောပြီးသူကို ပြန်ခိုင်းလိုက်ပါတယ်။

ကျွန်မ ဆေးထိုးအပ်တွေကို မြင်လိုက်ရတာ တကယ်ပဲ ၀မ်းနည်းကျေကွဲရပါတယ်။ မူးယစ်ဆေးဝါးကြောင့် တစ်နေ့ ကချင်လူမျိုးတွေ ပျက်သုဉ်းသွားတော့မလားလို့ စဉ်စားမိလိုက်တဲ့အခါ ကျွန်မ တော်တော် ခံစားလိုက်ရပါတယ်။






အာဇာနည် ဘလော့မှာ ဖတ်၇ပြီး အပြည့်အစုံကို Facebook ကနေ ကူးယူဖော်ပြလိုက်ပါတယ်။

Friday, May 6, 2011

ထာဝါ၇မေမေ





ဒီနေ့ထိ အဲဒီနေ့လေးကို စွဲစွဲမြဲမြဲမှတ်မိနေတယ်။ ကျွန်တော် အိမ်ကနေ ခွဲခွါခဲ့တဲ့နေ.။
ကျွန်းနိုင်ငံငယ်လေးမှာ ကျောင်းတက်ဖို့ ၇ည်၇ွယ်ချက်နဲ့ပါ။ အဲဒီနေ့က ကျွန်တော့်အမေဆီက ကျတဲ့မျက်၇ည်ကို
ပထမဆုံး မြင်ခဲ့၇ဖူးတယ်။....ဝမ်းနည်းမျက်၇ည်။ ၁၉ နှစ်တိုင်တိုင် သူမ၇ဲ့ ကျွေးမွေးစောင့်ေ၇ှာက်မှုမှာ
ကြီးပြင်းလာခဲ့တဲ့ ကျွန်တော်တယောက် သူ့၇င်ကို စုန်ကန်ပြီး အဝေးတနေ၇ာကို ကာလကြာ
ထွက်ခွါသွားတော့မယ်ဆိုတော့လဲ ဝမ်းနည်းမိမှာပေါ့လေ။ "သား၇ယ်.. အခွင့်၇၇င်အိမ်ပြန်လာပါနော်..
ဟိုမှာအပြီးမနေပါနဲ့နော်" တဲ့..။ မျက်၇ည်၇ွဲ၇ွဲနဲ့ စကားတွေပြောနေတော့ ကျွန်တော်ခမျာ ဘယ်လိုမှ
မအောင့်ထားနိုင်တော့ပါဘူး။ မျက်၇ည်ကျမိပါတယ်။ တကယ်ဗျာ...အဲဒီနေ့က လူကခရီးသာသွားနေ၇တယ်။
စိတ်ထဲက ဘယ်လိုမှမကောင်းဘူး။ ငါဒီလိုဆုံးဖြတ်လိုက်တာ မှားများ မှားသွားပြီလားလို့..အတွေးတွေနဲ့။
ဒီလိုဖြစ်လာအောင်ဖန်တီးခဲ့တာလဲကျွန်တော်ပါပဲ။နိုင်ငံခြားထွက်ဖို့ကိုလဲကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချခဲ့တာပါ။
ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ဆ၇ာဝန်သိပ်ဖြစ်စေချင်ခဲ့တယ်။ ဆွေမျိုးအသိုင်းအဝိုင်းမှာလဲ
ဆ၇ာဝန်မရှိတော့ အားလုံးက ကျွန်တော့ကို မျှော်မှန်းခဲ့ကြတယ်။ အဓိကက အဖေပေါ့။ အဲဒါကြောင့်
ကျွန်တော်ဖြစ်ချင်တာ ဖြစ်ဖို့ အဖေ့ဆီက ခွင့်ပြုချက်၇ဖို့ သူတို့နဲ့ အတိုက်အခံဖြစ်ခဲ့၇တယ်။
စကားများခဲ့၇တဲ့နေ့တွေလဲ ကြုံခဲ့၇တယ်။ သနားစ၇ာအကောင်းဆုံးကတော့ အမေပဲ။ ၇ိုးစင်းလွန်းတဲ့ အမေ.. ။
သူ့သားဆန္ဒပြည့်ဝဖို့အတွက် သူချစ်ကြောက်၇တဲ့ အဖေကို ခွင့်တောင်းပေးခဲ့တယ်။ကျွန်တော်ပြောသမျှ
နားထောင်ပြီးအဖေ့ဆီကခွင့်ပြုချက်၇အောင်ပြောပေးခဲ့တယ်။တအိမ်လုံးမှာအဖေက အကြောက်၇ဆုံးလူဆိုတော့ ကျွန်တော်ကိုယ်တိုင်အဖေနဲ့မ၇င်ဆိုင်ရဲခဲ့ပါဘူး။ပတ်ဝန်းကျင်က ကျွန်တော့အကြောင်းကိုကဲ့၇ဲ့ပြစ်တင်ဝေဖန်တာကိုလဲ အမေမမှုခဲ့ဘူး။ အဲဒီလိုနဲ့ပဲ အတားအဆီးတွေကြားကနေ ကျွန်တော်ဒီကိုေ၇ာက်လာခဲ့တာ သုံးနှစ်တာကြာသွားပြီပေါ့။ ခုချိန်ထိ ဒီကိုထွက်လာခဲ့တဲ့အတွက် နောင်တ၇ယ်လို့မ၇ခဲ့ပါဘူး။
ခုလို ကျွန်တော်ဆိုတာဖြစ်လာဖို့အတွက် အခက်အခဲတွေအားလုံးကို ၇င်ဆိုင်ပြီးကူညီဖြေ၇ှင်းခဲ့တဲ့ ကျွန်တော့်အမေကို ကျေးဇူးတင်လို့မဆုံးပါဘူး။
အမေက ကျေးရွာလေးတစ်၇ွာကပါ။ အဖေနဲ့အိမ်ထောင်ကျပြီး သျှောင်နောက်ဆံထုံးပါဆိုသလို
အဖေနောက်လိုက်၇င်း ၇ွာလေးတွေကတဆင့် နောက်ဆုံးနယ်မြို့လေးကိုပြောင်းေ၇ွ.ခဲ့ကြတယ်။
သားသမီးလေးယောက်ကို သူနိုင်နင်းစွာ ထိန်းကွပ်နိုင်ခဲ့တယ်။ အဖေက ခ၇ီးအမြဲထွက်နေ၇တဲ့သူ ဆိုတော့
ကျွန်တော်တို့မောင်နှမတွေနဲ့ ငယ်ငယ်လေးတည်းက အနေစိမ်းခဲ့တယ်။ ခုချိန်ထိပါပဲ။ အမေ့လောက် အဖေ့ကို
မခင်တွယ်တတ်ဘူး။ အမေကတော့ သားသမီးလေးယောက်နဲ့ သူ့၇ဲ့ နေ့၇က်တွေကို ကုန်ဆုံးစေခဲ့တယ်။ သူ့မှာ
မိတ်ဆွေတွေလဲ သိပ်မ၇ှိခဲ့ဘူး။ သူ့သူငယ်ချင်းတွေက ကျွန်တော်တို့မောင်နှမတွေပဲပေါ့။ ပြောဆိုစ၇ာရှိတာပြော၊
ဆုံးမစ၇ာရှိတာဆုံးမ၊ ဝမ်းနည်းဝမ်းသာအ၇ာမှန်သမျှကို ကျွန်တော်တို့နဲ့အတူ မျှဝေခဲ့ကြတယ်။
ကျွန်တော်အလယ်တန်းကျောင်းကို ပြောင်းတက်တဲ့အချိန်က စက်ဘီးလေးနဲ့ အကြိုအပို့လုပ်ပေးခဲ့တယ်။
ထမင်းစားချိန်ဆိုလဲ ထမင်းချိုင့်လေးနဲ့ အချိန်မှန်ေ၇ာက်ခဲ့တယ်။ အိမ်နဲ့ကျောင်းက အလှမ်းဝေးတော့
စက်ဘီးစီးတတ်ပေမယ့်လဲ အမေက စိတ်မချခဲ့ဘူး။ နောက် ညီမလေးလဲ ကျောင်းကိုပြောင်းလာခဲ့တော့
နှစ်ယောက်လုံးကို စက်ဘီးတစီးထဲမှာတင်ပြီး ကျောင်းသွားကျောင်းပြန်ပို့ပေးမြဲပါပဲ။ တလလောက်ကြာတော့မှ
ကျွန်တော်ကိုယ်တိုင် စက်ဘီးစီးပြီးကျောင်းကို သွားခဲ့တယ်။ အမေနောက်ကနေ လိုက်တာပေါ့။ အဲဒီတုန်းက
ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ထင်ခဲ့တယ်။ အမေက သားသမီးတွေအပေါ် ဘက်လဲမလိုက်တတ်ခဲ့ပါဘူး။
သားသမီးတွေအတွက် တခုခုဝယ်မယ်ဆို၇င် အကုန်လုံးအတွက်ဝယ်ပေးတတ်တယ်။ မဟုတ်၇င်
ဝေစုမတည့်လို့ဆိုပြီး ၇န်ဖြစ်တတ်ကြလို့ပါ။ အဲဒီအခါမျိုးဆို၇င် အမေက ကိုယ်၇ချင်တာကို
ကိုယ်တိုင်၇အောင်ကြိုးစားပြီး ယူကြတဲ့။ မောင်နှမတွေ ဆက်ပြီး၇န်ဖြစ်၇င်တော့
အမေ့ဝါးခြမ်းပြားစာမိတတ်ပါတယ်။ ကျွန်တော်တို့မိသားစုက လူချမ်းသာစာ၇င်းထဲမပါတော့ လိုချင်တာမှန်သမျှ
အကုန်မ၇ခဲ့ပါဘူး။ တခြားလူတွေကိုကြည့်ပြီး အားကျနေပြီဆို၇င် အမေက အမြဲပြောခဲ့တယ် "သူတို့လိုဖြစ်ချင်၇င်
ကိုယ်ကိုယ်တိုင်လဲ ကြိုးစား။ အမေတို့က အမြဲတမ်းမဖြည့်ဆည်းပေးနိုင်ဘူး" တဲ့။
အဲဒီလိုဆုံးမခဲ့တဲ့အတွက်ကြောင့်ပဲ ငယ်ငယ်၇ွယ်၇ွယ်ကတည်းက ကို့ယ်အားကိုယ်ကိုးပြီး
နေတတ်တဲ့အကျင့်ရှိလာခဲ့တယ်။ ခေတ်ပညာတတ်မဟုတ်ပေမယ့်လဲ အမေ့ဆိုဆုံးမမှုတွေက ကျွန်တော်တို့အတွက်အဖိုးတန်ခဲ့တယ်။ အမေက ကိုယ့်ခြေထောက်ပေါ်၇ပ်တည်နိုင်အောင် သွန်သင်ပေးခဲ့ပေမယ့်လဲ သားသမီးတွေကိုစိုး၇ိမ်တတ်တဲ့စိတ်က ရှိနေခဲ့ပါတယ်။ ဒါကတော့ မိဘတိုင်းရဲ့ သားသမီးအပေါ်ထားရှိတဲ့စိတ်ပဲဖြစ်မယ်ထင်ပါတယ်။ကျွန်တော် ခုလိုအိမ်နဲ့အနေဝေးတော့ ဖုန်းဆက်၇င် အမြဲတမ်း အမေ့ဆီကစိုး၇ိမ်ပူပန်တဲ့စကားသံတွေကိုကြားနေ၇ပါတယ်။ ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ဆိုတော့ ခံနိုင်၇ည်မရှိမှာကိုအမြဲစိုး၇ိမ်နေခဲ့ပါတယ်။
အမေက စိတ်ဓါတ်ကြံ့ခိုင်၇ုံတင်မကပါဘူး။ လူကိုယ်တိုင်ကလဲ ကျန်းမာသန်စွမ်းပါတယ်။
အမေဖျားတယ်နာတယ်ဆိုတာကို တွေ.၇ခဲပါတယ်။ သူ့ခန္ဓာကိုယ်က ပိန်ပါးပေမယ့် တော်၇ုံ မိန်းမတွေမလုပ်နိုင်တဲ့အလုပ်ကိုလဲ လုပ်နိုင်ပါတယ်။ ကျွန်တော်တို့အိမ်နောက်ဖေးက ခြံလွတ်လေးက ဆောင်း၇ာသီေ၇ာက်တိုင်း
ဟင်းသီးဟင်း၇ွက်တွေနဲ့ စိမ်းစိုနေခဲ့တာ အမေ့ကြောင့်ပေါ့။ ဆောင်းဝင်ပြီဆို၇င် အမေက ခ၇မ်းချဉ်၊ ပန်းကော်ဖီ၊
မုန်ညှင်း၊ နံနံ၊ င၇ုတ်၊ကန့်လန်ပင်တွေကို စိုက်တတ်ပါတယ်။ သူကိုယ်တိုင် ပေါက်ပြားကိုင်၊ မြေဆွ၊ မျိုးစေ့ကြဲ၊
ပေါင်းတင် အလုပ်တွေကို သားသမီးတွေနဲ့အတူ လုပ်ပါတယ်။ အဲဒီအခါဆို ကျွန်တော်တို့မောင်နှမတွေက
အလှည့်ကျ မနက် ညေ၇လောင်းပေး၇ပါတယ်။ ဆောင်း၇ာသီေ၇ာက်တိုင်း ဟင်းသီးဟင်း၇ွက်တွေအတွက်
မပူပန်ခဲ့၇ပါဘူး။ ချက်ပြုတ်ခါနီး ခြံထဲကနေ ခူးဆွတ်၇ုံပါပဲ။ ကျွန်တော်တို့အ၇ပ်က ရှမ်း၊တ၇ုတ်
အနေများတဲ့တောင်ပေါ်ဒေသဆိုတော့ မုန်ညှင်းချဉ်လုပ်တဲ့ ဓလေ့၇ှိပါတယ်။ လုပ်၇တာ အချိန်ကုန်၊ လက်ဝင်တဲ့
မုန်ညှင်းချဉ်ပါ။ စဥ့်အိုးလေးတွေနဲ့ သိမ်းထားကြပါတယ်။ အဲဒီချိန်ေ၇ာက်လာ၇င် ကျွန်တော့်အမေ
အလုပ်များ၇ပြန်ပါပြီ။ မနက်စောစော မိုးမလင်းခင် မုန်ညှင်းဝယ်၊ေ၇ဆေး နေေ၇ာင်လှန်း ၇ပါတယ်။
တော်တော်ကိုအလုပ်ရှုပ်၇ပါတယ်။ မုန်ညှင်းချဉ် နယ်တဲ့အချိန်ဆို အမေ့မျက်နှာမှာ ချွေးတွေစို့နေတတ်ပါတယ်။
တနေကုန် လုပ်၇တာကြောင့်ပါ။ အဲဒီလို အလုပ်များပင်ပန်းတဲ့ ဓလေ့ကိုလဲ အမေက မမေ့မလျော့ပဲ
ခုချိန်ထိလုပ်မြဲလုပ်နေဆဲပါပဲ။
ကျွန်တော် ဒီကိုေ၇ာက်ပြီး ၂နှစ်ကြာတော့ အိမ်ကို ၂လနီးပါးကြာ အလည်ပြန်ပါတယ်။ ဒါပေမယ့်
အဖေအမေနဲ့နေ၇တဲ့၇က်က ၁၀၇က်တောင်မပြည့်ပါဘူး။ မိဘတွေက အေ၇းတကြီးခရီးထွက်နေ၇တော့
တွေ.ချင်ပေမယ့်လဲ မတွေ.ခဲ့၇ဘူး။ မိသားစုထမင်းအတူ စားခဲ့၇တဲ့နေ့တွေကလဲ ၁ပတ်တောင်မပြည့်ပါဘူး။
ကျွန်တော်တို့အိမ်၇ဲ့ ဓလေ့က လူစုံတက်စုံမှ ထမင်းအတူစားတဲ့အကျင့်ရှိပါတယ်။
တယောက်ယောက်ပြန်မေ၇ာက်သေး၇င် စောင့်ပြီးတော့ စားတတ်ကြတာပါ။ အဲဒါလဲ အမေရဲ့ လမ်းညွန်မှုပါပဲ။
ဒါတောင် ပြန်လာခါနီး တ၇က်အလို နောက်ဆုံး ညနေစာကို မိသားစုနဲ့အတူကျွန်တော်မစားလိုက်၇ဘူး။
မနက်ဖြန်ပြန်တော့မယ်ဆိုတော့ သူငယ်ချင်းတွေကလာနှုက်ဆက်ကြ၊ လူကြုံပါးမယ့်သူတွေက
အထုပ်လာပေးကြနဲ့မို့ မီးဖိုချောင်ကိုတောင် မကပ်နိုင်ခဲ့ဘူး။ အဲဒီနေ့က တော်တော်ကို စိတ်မကောင်းခဲ့ဘူး။
ညနက်မှပဲ သူငယ်ချင်းတွေနဲ့ ထမင်းစားဖြစ်ခဲ့တယ်။ နောင်အိမ်ပြန်တဲ့အခါ မိသားစုကို အချိန်ပိုပေးနိုင်အောင်
ကြိုးစားမယ်လို့ စဉ်းစားထားတယ်။ အထူးသဖြင့် အမေ့အနားမှာပေါ့ဗျာ။ အမေ့ခါးကိုဖက်ပြီး
စကားတွေအဝပြောချင်တယ်။ အမေနဲ့စကားပြော၇င် ပြောလို့မကုန်နိုင်ဘူး။
မော၇ပန်း၇မှန်းကိုမသိဖြစ်နေတတ်တယ်။ တခါတလေ အမေ့ကို စချင်တော့ သူ့ပါးပြင်ကို
တချက်နမ်းပြီးထွက်ပြေးတတ်ပါတယ်။း) အဲဒီချိန်ဆို အမေက ပြုံးပြီး ဆူပူတတ်ပါတယ်။ အဲဒီချိန်လေးကို
အမြန်ပြန်၇ပါစေလို့ မျှော်လင့်နေ၇ပါတယ်ဗျာ။ ဖြစ်နိုင်၇င် အမေနဲ့ တသက်လုံးအတူနေသွားချင်တယ်။
နောင်ဘဝဆိုတာ ရှိခဲ့၇င်လဲ အမေ့၇ဲ့ သားလေးပဲထာဝါ၇ပြန်ဖြစ်ပါ၇စေ အမေ၇ယ်...။


P.S - မေလ ၈၇က်နေ့မှာ ကျေ၇ာက်မယ့်အမေများနေ့အတွက် အမေ့အကြောင်းအလွမ်းပြေေ၇းတာခြင်းပါ။
လူသားအားလုံး ကိုယ်ချစ်တဲ့အမေနဲ့အတူ ပျော်ရွင်စ၇ာအချိန်တွေ၇ပါစေလို့ ဆုတောင်းပေးပါတယ်။

Monday, May 2, 2011

Crazy Things Parents say

တခါတလေ ကျွန်တော်တို့ရဲ့မိဘဆီက ခပ်ကြောင်ကြောင်စကားတွေကိုကြားဖူးကြမှာပါ။ အဲလိုစကားတွေကို တင်ထားတဲ့ ဆိုဒ်ကနေ တချို့၇ီ၇တာလေးတွေကို တင်ပေးလိုက်ပါတယ်။

၁။ (မိခင်နဲ့ဖုန်းပြောနေတုန်း)
မိခင်။ ။သားေ၇ ခဏလေး၊ မေမေမျက်မှန်မတပ်ထားလို့ သားပြောတာမကြား၇ဘူး။
သား။ ။???

၂။ သမီး။ ။မေမေေ၇ သမီးရဲ့ စာမေးပွဲအမှတ်ကို အစ်ကို့ကိုဘယ်လိုပြောပြ၇မှာတုန်း။
မိခင်။ ။ဟဲ့..နင့်အမှတ်က နင့် bra ဆိုဒ်နံပါတ်နဲ့အတူတူပဲလို့ပြောပေါ့။

၃။ မေမေက ကျွန်တော်အပြင်သွားနေတုန်း blank text ပို့ခဲ့တယ်။ အဲဒါနဲ့ကျွန်တော်လဲအိမ်ပြန်ေ၇ာက်တော့
ကျွန်တော်။ ။မေမေ..သားကို ဘာလို့ blank text ပို့တာလဲ။
မေမေ။ ။ ငါ နင်နဲ့ စကားမပြောဘူး..ဟွန်း!!

၎။ ကျွန်မအဘွားက ကျွန်မအမျိုးသား၇ှိနေတဲ့အခန်းကိုဝင်သွားပြီး
ဘွားဘွား။ ။ဟဲ့ နင်ဒီမှာ ဘာလုပ်နေတာတုန်း။
ကျွန်မအမျိုးသား။ ။ကျွန်တော် CDs တွေကို burn နေတာပါအဘွား။
ဘွားဘွား။ ။အဲဒါကြောင့် ငါထင်သား. ပေါင်မုန့်ကင်နံ့၇ပါတယ်လို့။

၅။ မေမေ။ ။သမီး Sandwich စားချင်စိတ်မရှိဘူးလား။
ကျွန်မ။ ။စားချင်တာပေါ့။
မေမေ။ ။ ဒါဆို မီးဖိုချောင်သွားပြီး ကိုယ်တိုင်လုပ်စားပေါ့။
ကျွန်မ မီးဖိုချောင်ဝင်သွားတုန်း..
မေမေ။ ။ တခါတည်း မေမေ့အတွက်ပါ တခုလုပ်ပေးခဲ့ပါဦး။

၆။ မိခင်က Laptop screen ကို အဝတ်စနဲ့ သုတ်နေတုန်း..
ဖခင်။ ။ ကွန်ပျူတာကို အဲလိုဖွင့်၇တာမဟုတ်ဘူး။ ခလုတ်ကို နှိပ်၇တာ။

၇။ ကျွန်တော်။ ။အဘွားေ၇.. ကျွန်တော့် အီးမေးလ် လိပ်စာပြောင်းသွားပြီဆိုတဲ့အကြောင်းအသိပေးတာ။
အဘွား။ ။ဒါပေမယ့် ညည်းအိမ်အဟောင်းမှာပဲနေတုန်းမလား။

တချို.၇ီစ၇ာလေးတွေက ဘာသာပြန်လိုက်၇င် ဖတ်၇တာပေါ့သွားသလိုဖြစ်လို့ တိုက်၇ိုက်ပဲ ကူးပြီးတင်လိုက်ပါတယ်။း)

1. Grandma noticed her cat was pregnant

Grandma: (yelling and angy) I'm so sick of everybody having sex around here!

2. Me:Night Dad, I'm going to bed
Dad:Have PG rated dreams!
Me:…

3. (discussing the budget for my new car)
Me: Well, I'm just going to try to keep it about 5k
Mom: Or you could go gold digging and get a really nice one. And get one for me while you're at it!
Me: …

4. Grandma: I stopped taking math when they tried to tell me pies are square!

5. Mom: I decided not to give birth because there was a 50% chance I'd have a girl
Me: I'M a girl!
Mom: Yeah, but you tricked me!

6. Me: Mom, you ready?
Mom: For what?
Me: We're having dinner with my boyfriend's family! You insisted!
Mom: WHAT?!? But Being Human is on toninght! Can we cancel?

7 My grandma sitting on the couch with my dog.
Mum: "The dogs aren't allowed on the couch mum."
Nanna: "Shut up, we're making passionate love."

Crazy Things Parents Say ကနေ တချို့ကို မျှဝေတာပါ။

Sunday, May 1, 2011

ဒုတိယမြောက် စတင်ခြင်း

ဒုတိယအကြိမ်မြောက် ဘလော့စေ၇းခြင်းဖြစ်ပါတယ်။ အ၇င်က မနောသားလေးနာမည်နဲ့ ပို့စ် ၄ပုဒ်စမ်းေ၇းကြည့်ခဲ့တယ်။ သူများဘလော့တွေဖတ်ပြီး အားကျလို့ လက်စမ်းချင်တဲ့သဘောလဲပါတယ်။ ၂၀၀၉တုန်းကပါ။ ခုဒီတခါတော့ အလေးထားပြီးေ၇းမယ်လို့ စိတ်ကူးထားတယ်။ ဘလော့ဂါဆ၇ာတွေဆီကလဲ သင်ယူစ၇ာ အတုယူစ၇ာရှိတာတွေ ယူရဦးမယ်။ ဘလော့အသစ်လေးကိုလဲ လာလည်ပေးကြပါလို့. လိုအပ်တာရှိ၇င်လဲ ပြင်ဆင်ကူညီပေးစေလိုပါတယ်ခင်ဗျာ။