Pages

Tuesday, January 31, 2012

ဘလော့ပေ့ခ်ျ ဖုန်ခါခြင်း... :P

ဘလော့မရေးဖြစ်တာ ၂လတောင်ကျော်သွားပြီ။ ဘာလို့မရေးဖြစ်လဲဆိုတော့ အဓိကဆင်ခြေက ပျင်းနေတယ်လို့
ပြောရမှာပဲ။ ပိုစ့်မတင်ဖြစ်လဲ ဘလော့တွေတော့ဝင်ဖတ်ဖြစ်တယ်။ လွန်ခဲ့တဲ့ ၂လအတွင်း ခရီးကလဲ ၂ခါလောက်
ထွက်ဖြစ်နေတော့ ဘလော့ရေးဖို့အာရုံမရောက်တာလဲပါပါတယ်။ ခုတော့ အချိန်လေးရတုန်း ရေးမယ်ဆိုတော့
ဘာရေးရမလဲမသိဘူး။ ကိုယ့်ဘလော့က ဖုန်တွေတက်နေပြီ။ စီဘောက်စ်ကိုလဲ တော်တော်ရှင်းလိုက်ရ
တယ်။ ဒါကြောင့်လဲ ဒီပို့စ်ကို ဘလော့ ဖုန်ခါခြင်းလို့ပဲ ပေးလိုက်တော့တယ်...း)။

ဇန်န၀ါရီ ၁၄ရက် မြန်မာပြည်ပြန်တယ်။ ကံဆိုးတယ်လို့ပဲပြောရမလားမသိဘူး။ မပြန်ခင် သောကြာနေ့က ၁၃ရက်လူတွေမကြိုက်တဲ့နေ့။ မန်နေဂျာက တစ်ရုံးလုံးကို 5S သန့်ရှင်းရေးအကြီးအကျယ်လုပ်မယ်ဆိုပြီး ကြွေးကြော်တယ်။ရုံးမှာက ယောကျာ်းဆိုလို့ သူရယ် ကိုယ်ရယ် ၂ယောက်ထဲကျန်တော့တာ။ ကိုယ်နဲ့ ကျန်တဲ့ မိန်းကလေးတသိုက်ပဲ ချွေးပြိုက်ပြိုက်ကျအောင် လုပ်။ သူက ကားလေးနဲ့အပြင်ကိုထွက်သွားသေး။ ဒါတောင် အားဂျန့်အလုပ်ကပေါ်လာသေး။ အဲဒါနဲ့ ငါပဲလုပ်ပေးလိုက်ပါ့မယ် ကျန်တဲ့လူတွေက ဆက်ရှင်းလင်းကြပါစေဆိုပြီး လုပ်တာ ညနေ၅ ခွဲအိမ်ပြန်ချိန်ထိ ချွေးတသီးသီးနဲ့လုပ်။ မနက်ဖြန် မြန်မာပြန်ရမယ့် အပျော်စိတ်လေးတောင်မကပ်အားဘူး။
ဒါတင်ပဲလားဆိုတော့ မပြီးသေးဘူး။ ရန်ကုန်ရောက်တော့ လေဆိပ်ကအထွက်၊ သူငယ်ချင်းတွေက လာကြိုပြီး
ဟိုတယ်ကို ကားငှါးစီးသွားတာ။ လှည်းတန်းလမ်းဆုံရောက်တော့ မီးပွိုင့်မိတယ်။ သိတဲ့အတိုင်း လှည်းတန်းမီးပွိုင့်
မိရင် တရေးတမောအိပ်ပြီးစောင့်နေလို့ရတယ်။ မီးစိမ်းတော့ ကားဆရာက စက်နှိုးတယ်။ မရဘူး။ သူလဲ ကြိုးစား
တယ်။ မရဘူး။ နဲနဲကြာတော့ ဂိတ်က ခေါင်းဖြူတယောက် လာပြီး ဘေးကိုကပ်ထားပေးပါဆိုပြီး လာပြောတယ်။
စက်နှိုးမရတော့ တွန်းရမှာလားဆိုပြီး သူငယ်ချင်းတွေက တယောက်ကိုတယောက်ကြည့်ပြီးပြော၊ ရယ်လဲရယ်
ချင်ချင်..း)။ တယောက်ကပြောသေး 'မင်းကွာ တော်တော်ကံကောင်းတဲ့ကောင်၊ ရန်ကုန်ရောက်တာတောင်
နာရီဝက်မရှိသေးဘူး။ ကားတွန်းရပြီ' တဲ့လေ။ သူငယ်ချင်းတွေက ဟားကြ။ ဒါနဲ့ပဲ ကားပြောင်းငှါးလိုက်ရတယ်။
အဲဒီနေ့က ရှိုးစမိုးအပြည့်နဲ့ အထုတ်တွေနဲ့ ကားတွန်းနေတဲ့ လူတသိုက်ကိုလမ်းဆုံမှာတွေ.ခဲ့ရင် ဘယ်သူလဲဆို
တာ သိကြပြီထင်တယ်..း)။ အဲဒီတခုတော့ တော်တော်လေးကိုအမှတ်တရဖြစ်သွားတယ်။ လူတွေက ကွက်ကြည့်
ကွက်ကြည့်နဲ့ ရှက်ရကောင်းမှန်းလဲမသိ။ တယောက်ထဲဆိုရင် ရှက်မိမှာတော့ အမှန်ပဲ။ သူငယ်ချင်းတွေနဲ့ဆိုတော့လဲ ခပ်ပြောင်ပြောင်ပဲ။

ရန်ကုန်မပြန်ခင်ကတော့ ဘာတွေစားမယ် ဘာတွေလုပ်မယ်လို့စီစဉ်ထားတာတွေ မလုပ်ဖြစ်လိုက်ဘူး။ ပုံလဲ
ကောင်းကောင်းမရိုက်နိုင်ခဲ့။ ကိုယ်ကပဲ အဲလိုအကျင့်မရှိလို့လားမသိဘူး။ ကင်မရာတကိုင်ကိုင်နဲ့ လူတွေကြည့်မှာ
ကို တော်တော်ရှက်တဲ့လူ။ ဒါတောင် ဓနုဖြူဒေါ်စောရီမှာ နေ့လယ်စာစားတုန်း ဓါတ်ပုံရိုက်တာ အပြောခံရသေးတယ်။ မင်းတို့စင်ကာပူကကောင်တွေ ဘာစားစားရိုက်တာပဲလားတဲ့ဗျာ။ စားပွဲထိုးကလဲ ပြုံးစိစိနဲ့
ဆိုတော့ ဆက်မရိုက်ရဲတော့ဘူး။ အင်း.. သူများတွေလို သတ္တိမွေးရဦးမှာပါလား..း)။







မြစ်ကြီးနား ဆုတောင်းပြည့်စေတီတော်။ လူမပါတဲ့ပုံက ခပ်ရှားရှား..ရှိတဲ့ပုံကိုရှာတင်လိုက်ရတယ်..း)။

မြစ်ကြီးနားမြို.ရဲ့ ပင်လယ်ကွေ.ကချင်ရိုးရာထမင်းဆိုင်က ကြက်သားကချင်ချက်။


ဆုတောင်းပြည့်လျောင်းတော်မူဘုရားကြီး။ ဘုရားပုံသန့်သန့်မရှိလို့ လူပါတဲ့ပုံကိုပဲတင်လိုက်တယ်.. ပုဆိုးပြာရှပ်ဖြူဖြူနဲ့က......း)။


ပင်လယ်ကွေ.ဆိုင်ကနေ လှမ်းမြင်ရတဲ့ ဧရာဝတီမြစ်။ ဆိုင်ရဲ့အောက်မှာ ဟင်းရွက်ခင်းစိုက်ထားတာတွေ.ရတယ်။


သူငယ်ချင်းတယောက်က ဓါတ်ပုံရိုက်ပေးမယ်ဆိုတာနဲ့ အမှတ်တရ မြစ်ကမ်းမှာရိုက်လိုက်တယ်။ Reflector,
flast light တွေဘာတွေနဲ့ ဟုတ်လို့ပဲ..။။ မော်ဒယ်တွေက ပို့စ်မပေးတတ်၊ အတောင့်လိုက်ကြီးရပ်ပြီ အရိုက်ခံ၊ ကိုယ့်အလည့်သာ ပို့စ်မပေးတတ်တာ၊ တခြားတယောက်အရိုက်ခံတော့ ဘယ်လိုရပ်၊ ဘယ်လိုနေဆိုပြီး ပြောပေးကြနဲ့ တကယ့်ကို အမှတ်တရဖြစ်ခဲ့တယ်။ reflector ကိုကွယ်ပြီးနေရိပ်ခိုနေကြ
လို့ ကင်မရာဆရာက ဟောက်သေး...။ ဒီပုံကိုမတင်နဲ့လို့ အရိုက်ခံနေတဲ့သူငယ်ချင်းကပြောထားတာ.. သူမသိ
အောင် ခိုးတင်လိုက်တယ်..း)။

ကင်မရာအိတ်နဲ့ စတိုင်ကျနေတာ...။


နှစ်ကူးတော့ အိမ်မှာ ချက်ဖြစ်တဲ့ဟင်းတမယ်။ ဟင်းလျာကောင်းတမယ်မဟုတ်ပေမယ့် အိမ်သားတွေစုပေါင်း
ချက်တဲ့ ဟင်းပွဲလေးဆိုတော့ အရသာရှိတယ်။ ယူနန်ဖက်က တရုတ်တွေရဲ့အယူ အရတော့ နှစ်ကူးမှာ
အမျိုးသားတွေက မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်ရတယ်တဲ့။ အမျိုးသမီးများ မီးဖိုချောင်မ၀င်ရဆိုပဲ။ ခုထိလဲ တချို.နေရာတွေမှာ ကျင့်သုံးနေကြဆဲပါပဲ။ ကျွန်တော့အိမ်မှာတော့ ယောကျာ်းတွေသာ မီးဖိုချောင်ထဲဝင်
ထမင်းချက်ရရင် နှစ်သာကူးပြီးသွားမယ် စားလိုက်ရမှာမဟုတ်ဘူး။..း)

ဒေါ်ခန်းရင် ကချင်ပုဆိုး

မြစ်ကြီးနားမှာ ပယင်းလုပ်ငန်းက တော်တော်လေး တွင်ကျယ်နေတယ်။ တရုတ်ပြည်ဖက်ကို ရောင်းကြတယ်။
သူက ကျောက်တမျိုးဆိုပေမယ့် လေးလဲ မလေး။ ကိုယ်နဲ့အတူဆောင်ထားရင် နှလုံး၊ သွေးအတွက် ကောင်းတယ်
လို့ပြောကြတယ်။ များသောအားဖြင့် ရတနာတခုအနေနဲ့ သုံးကြတယ်။ အချွန်နဲ့က အဖေ့လက်ဆောင်။
ငါးကောင် ပုံစံထုဆစ်ထားတာက အကို့ဆီကလက်ဆောင်။ ငါးလို့သာပြောတာ ဘာကောင်နဲ့တူလဲတော့မသိဘူး။
ဒီမှာက မဆွဲဖြစ်တော့ အမှတ်တရအနေနဲ့သိမ်းထားရုံကလွဲပြီး ဘာမှလုပ်လို့မရဘူး။

မြစ်ကြီးနားကထွက်တဲ့ ဆားမုန့်။ေ၇ွှနှင်းဆီက မူလလက်ဟောင်း။ ရင်ရင်က ခေတ်သစ်ဆားမုန့်။ ဘူးလေးနဲ့
ဆိုတော့ လက်ဆောင်ပေးလို့ကောင်းတာပေါ့။
ဓါတ်ပုံများများမရှိတော့ ခရီးသွားပို့စ်က အပိုင်းဆက်တွေနဲ့ မရေးနိုင်တော့ဘူး။ နောက်တပို့စ်မှာတော့
ကေအယ်လ်ခရီးစဉ်ကို ရေးပါမယ်။

4 comments:

blackroze said...

ဟယ်...ဒါလေးဘဲလား..
တခြားလက်ဆောင်တွေမုန့်တွေေ၇ာ
ဘလော့ဖုန်ခါခါခြင်းလာတာဆိုတော့
သက်ရှုကြပ်လိုက်တာအေ

ဘေဘီ said...

အို့အို ကချင်ချက်၊ ဧရာဝတီမြစ်ကမ်း၊ ဆုတောင်းပြည့်စေတီ၊ အကုန်လုံးလွမ်းလိုက်တာ

ဘေဘီ said...

အယ် ဆားမုန့်ကျန်သွားတယ်
အကြိုက်ဆုံးမုန့်ပေါ့း(

dark cloud said...

ဟီး ကချင် ပုဆိုးလေးတော့ လိုချင်သား....အပေါ်က blackroze...ပြောသလိုပဲ ဖုန်ခါနေတဲ့အချိန်ဆိုတော့ အသက်၇ှု ကြပ်လို့  မြန်မြန် လည်ပြီ မြန်မြန် ပြန်ထွက်သွားပါတယ်....:P