Pages

Sunday, August 5, 2012

အိုင်တီပစ္စည်းများနှင့် ISO လက်မှတ်

ဒီပိုစ့်က ကျွန်တော့်အလုပ်အကိုင်နဲ့ပတ်သက်ပြီးရေးတဲ့ပထမဆုံးပို့စ်တခုပါ။ ဘာရယ်လို့တော့မဟုတ်ပါဘူး။ အပျင်းပြေဖြစ်အောင်နဲ့ ကိုယ့်ရဲ့အလုပ်သဘောကို ဘယ်လိုနားလည်သဘော ပေါက်တယ်ဆိုတာရယ်၊ မသိသေးတဲ့သူတွေကိုလဲ ဗဟုသုတအဖြစ်ဖြန့်ဝေချင်တာရယ်ပါ။ ကျွန်တော် ဒီအလုပ်ကိုလုပ်တာ ၁နှစ်ကျော်ပဲရှိပါသေးတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို ပြန်ပြီး စစ်မေးတဲ့သဘောရယ် အင်တာနက်ကနေ ပိုလေ့လာဖြစ်သွားရယ်အောင်ရေးရခြင်းဖြစ်ပါတယ်။ အမှားတွေပါခဲ့လို့ရှိရင်၊ ထင်မြင်တာတွေလွဲမှားနေရင် ထောက်ပြပေးစေလိုပါတယ်။ ခုကျွန်တော်ရေးမှာက လျှပ်စစ်ပစ္စည်းတွေနဲ့ သူ့ရဲ့အရည်အသွေးမှီလက်မှတ်ရဖို့ လိုအပ်တဲ့အချက်တွေကို အကြမ်းဖျင်းပြောပြတာပါ။ ယနေ့ခေတ်မှာ အိုင်တီပစ္စည်းများကို နေရာအနှံ့မှာ ကျယ်ပြန့်စွာသုံးစွဲနေကြပါတယ်။ ဖုန်း၊ ကွန်ပျူတာ၊ ပရင်တာ၊ တီဗီ စတာတွေကို နေ့စဉ်နဲ့အမျှထိတွေ.နေရပါတယ်။ ဒီလိုအိုင်တီပစ္စည်းတွေမှာ လူတွေအတွက် ကျန်းမာရေး၊ ဘေးအန္တရာယ်လုံခြုံရေးတွေကို အနဲနဲ့အများ၊ ရေတိုရေရှည် ထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာပါ။ အဲဒီတော့ စက်ပစ္စည်းတွေရဲ့ အရည်အသွေးကို စစ်ဆေးတိုင်းတာဖို့ နိုင်ငံတကာအဖွဲ့.အစည်းတခုဖြစ်တဲ့ ISO(International Standard Organization) ကိုတည်ထောင်လိုက်တာပါ။ ဒီအဖွဲ့.အစည်းက စက်ပစ္စည်းတွေကိုပဲ စစ်ဆေးတာမဟုတ်ပါဘူး။ နိုင်ငံတကာဈေးကွက်ထဲကို ရောင်းချမယ့် ပစ္စည်းတိုင်းလိုလိုကို သူ့ရဲ့သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ စစ်ဆေးကြပါတယ်။ မြန်မာပြည်မှာလဲ အချို.ကြော်ငြာတွေမှာ ISO 9001 အရည်အသွေးမှီ ဘာညာဆိုပြီးတွေ.ဖူးကြမှာပါ။ ခုကျွန်တော်ပြောပြချင်တာက အိုင်တီပစ္စည်းတွေနဲ့ ပတ်သက်တဲ့အကြောင်းလေးတွေပါ။ စက်ပစ္စည်းတွေတိုင်းလိုလိုမှာ အောက်ခြေဖက် ဒါမှမဟုတ် ဘေးဖက်တွေမှာ စတစ်ကာတွေ ကပ်ထားတာကိုမြင်ဖူးကြမှာပါ။ အောက်ကပုံက Asus notebook ရဲ့ လေဘယ်လ် တခုပါ။ လက်တော့တော်တော်များများရဲ့ အောက်ဖက်မှာကပ်ထားတာကိုတွေ.ရမှာပါ။ သိချင်ရင် မိမိတို့ရဲ့ ကွန်ပျူတာကို လှန်ကြည့်လိုက်လို့ရပါတယ်။း)
ပုံထဲမှာ CE, FCC, CCC ဆိုတဲ့စာလုံးတွေရယ်၊ ညာဖက်ကိုထိုးနေတဲ့မျှားပုံတွေရယ် မြင်ကြမှာပါ။ အဲဒီသင်္ကေတတွေက နိုင်ငံအသီးသီးဆီကို ကိုယ်စားပြုပါတယ်။ CE သင်္ကေတက ဥရောပနိုင်ငံတွေကို တင်ပို့ရောင်းချမယ့်အခါ မရှိမဖြစ်ပါရမယ့် တံဆိပ်ပါ။ အဲလိုပါပဲ FCC က အမေရိကန်နိုင်ငံ၊ CCC က တရုတ်ပြည်၊ မျှားပုံက ထိုင်ဝမ်ကို ကိုယ်စားပြုတာပါ။ ဆိုတော့ ဒီအမှတ်တံဆိပ်တွေပါတဲ့ ပစ္စည်းတွေကို အဲဒီနိုင်ငံတွေမှာ ရောင်းချခွင့်ရှိပါတယ်။ CE အမှတ်တံဆိပ်ကပ်ထားတဲ့ပစ္စည်းတွေက ဥရောပမှာထုတ်လုပ်တဲ့ ပစ္စည်းတွေလို့မဆိုလိုပါဘူး။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဥရောပနိုင်ငံတွေကို မိမိတို့ရဲ့ထုတ်ကုန်ရောင်းချချင်တယ်ဆိုရင် အဲဒီနိုင်ငံက သတ်မှတ်ထားတဲ့ စံနှုန်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီဖို့လိုပါတယ်။ လုံခြုံစိတ်ချရမှု၊ ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိမရှိ၊ သဘာဝပတ်ဝန်းကျင်အတွက် ဘေးဥပဒ်ရှိမရှိစတာတွေကို စစ်ဆေးကြပါတယ်။ အဲဒီတော့ မိမိတို့ ၀ယ်ယူမယ့် ပစ္စည်းတွေရဲ့ အရည်အသွေးကို စိတ်ချရစေချင်တယ်ဆိုရင်တော့ ဒီလိုအမှတ်အသားပါတဲ့ ပစ္စည်းတွေကိုပဲ ရွေးချယ်ဝယ်ယူကြပေါ့ဗျာ။ အာရှမှာလဲ CE အမှတ်အသားပါတဲ့ ပစ္စည်းတွေကိုပဲ တွေ.ရမှာပါ။ အဲ.... ဒါပေမယ့် ကျွန်တော် မြန်မာပြည်ပြန်တုန်းက TV ၀ယ်တာ ဘာအမှတ်အသားကိုမှမတွေ.ဘူးဗျ။ ဖင်ပြန်ခေါင်းပြန်ရှာတာ မတွေ.ဘူး။ တံဆိပ်က နာမည်ကြီး ဂျပန်တံဆိပ်ပဲ။ Made in Thailand တဲ့။ ခုကျွန်တော့်အလုပ်က စက်ပစ္စည်းတွေကို သတ်မှတ်ထားတဲ့ စံနှုန်းမှီမမှီစစ်ဆေးပေးရတဲ့ ဓါတ်ခွဲခန်းသဘောမျိုးပါ။ အိုင်တီပစ္စည်းတွေအတွက်ပဲသီးသန်. စစ်ဆေးခွင့်ရထားတဲ့အတွက်ကြောင့် တခြားကျန်တဲ့ပစ္စည်းတွေကို ကျွန်တော်တို့ဆီမှာ စစ်ဆေးလို့မရပါဘူး။ အီလက်ထရောနစ်အင်ဂျင်နီယာတွေကတော့ EMC(Electro Magnetic Comapatibility) ဆိုတာကို ကြားဖူးကြမှာပါ။ R & D အင်ဂျင်နီယာသမားများ မိမိတို့ထုတ်တဲ့ပစ္စည်းတွေ Radiation ထုတ်လုပ်မှုပမာဏဘယ်လောက်ရှိမရှိ ၊ Noise ဘယ်လောက်အတိုင်းအတာ အထိထွက်သလဲဆိုတာကို အမြဲစစ်ဆေးကြရပါတယ်။ အဲဒါကိုတော့ Radiated Emission လို့ခေါ်ပါတယ်။
အပေါ်ပုံက electronics devices တွေရဲ့ Radiation ထုတ်လုပ်မှုပမာဏ ကိုတိုင်းတာတဲ့ အခန်းတခုပါ။ သတ်မှတ်ထားတဲ့ ပမာဏထက်ကျော်လွန်နေရင် အဲဒီပစ္စည်းတွေကို ထုတ်လုပ်လို့မရသေးပါဘူး။ အဲဒီတော့
Radiation ပမာဏလျော့ကျအောင် အင်ဂျင်နီယာများ ခေါင်းခြောက်ခံပြီး ပြန်ပြုပြင်ကြရပါတယ်။ အင်ဂျင်နီယာ အခေါ်တော့ countermeasure ပေါ့။ ပုံကိုကြည့်ရင် အဲဒီအခန်းက ဒီဇိုင်းထူးခြားပါတယ်။ သူငယ်ချင်းတယောက်ကိုတောင် နောက်ဖူးတယ်..း)။ Whatsapp msgr ကနေ ပုံပို့ပြီးပြောလိုက်တယ်။ အဲဒါ ကျွန်တော်အလုပ်လုပ်နေတဲ့ စတူဒီယိုကြီး။ ကိုရီးယားပေါ့အဆိုတော်များ MTV လာရိုက်ကြတယ်လို့။ အခန်းက MTV မှာရိုက်ကြတဲ့ပုံစံနဲ့တူနေတာကိုး။ Pop အဆိုတော်များ 2NE1, BigBang တို့တွေ လာရိုက်ကြတယ်လို့ နောက်လိုက်တာ အဟုတ်ထင်နေတယ်...း)။ လုပ်ဖော်ကိုင်ဖက်တွေကလဲ လူငယ်တွေဆိုတော့ အလုပ်ပါးရင် အဲဒီအခန်းထဲဝင်ပြီး ဓါတ်ပုံရိုက်ကြ၊ သီချင်းဖွင့်ပြီးတော့ ကကြတာ။ မှတ်မှတ်ရရ Super Junior ရဲ့ Sorry Sorry သီချင်းနဲ့ အဖွဲ.လိုက် သောင်းကျန်းလိုက်သေးတယ်။ 

Electronic products တွေကို Radiation တခုတည်းစစ်ဆေးတာမဟုတ်ပါဘူး။ Testing အမျိုးအစား ၁၁ခု
ရှိပါတယ်။ အကုန်လုံးကိုတော့ ပြောပြလိုက်ရင် စာဖတ်သူများ ခေါင်းမူးပြီး ပို့စ်ကို ပိတ်ပစ်သွားမှာ..း)။ အကြမ်းဖျင်းကတော့ လျှပ်စီးလက် မိုးကြိုးပစ်တာကို ခံနိုင်စွမ်း(Lightning Surge)၊ အခြား လျှပ်စစ်ပစ္စည်းတွေရဲ့ Radiation ထုတ်လွင့်မှုကို ခံနိုင်ရည်ရှိမရှိ(Radiated Immunity)၊ လျှပ်စစ်မီး မငြိမ်မသက်ဖြစ်တာ၊ တချို. ပစ္စည်းတွေက ဖွင့်လိုက်ရင် မဆီမဆိုင် မီးချောင်း မီးလုံးတွေ ဖြတ်ခနဲ မှိတ်တုတ် မှိတ်တုတ်ဖြစ်သွားတာကို ကြုံဖူးကြမှာပါ။ အဲဒါက power supply ကို အနှောင့်အယှက်ပေးတော့ 
အသုံးပြုနေတဲ့ အခြား ပစ္စည်းတွေကိုလဲ သွားနှောင့်ယှက်တတ်ပါတယ်။ အဲလိုမျိုးတွေကို စစ်ဆေးရတာပါ။ 
တချို.သော ပစ္စည်းတွေက Lighning surge ကိုခံနိုင်ရည်မရှိတော့ စစ်ဆေးနေတုန်း ထပေါက်တတ်ပါတယ်။

ကဲ..စာဖတ်ပရိသတ်တွေလဲ electronic ပစ္စည်းတွေဝယ်ရင် CE အမှတ်အသားအနဲဆုံးပါတာကိုတော့ ရွေးဝယ်ရမယ်မှန်းသိပြီထင်ပါတယ်။ ဗဟုသုတ တခုအနေနဲ့ပြောပြချင်သေးတယ်။ CE တံဆိပ်ပါတဲ့ ပစ္စည်းတွေက ဗို့အား ၂၀၀-၂၄၀ သုံးပါတယ်။ FCC(အမေရိကန်) ဆိုရင် ဗို့အား ၁၂၀၊ VCCI (ဂျပန်) က ဗို့အား ၁၀၀ သုံးပါတယ်။ ပလပ်ခေါင်းတွေကလဲ မတူပါဘူး။ 

အပေါ်ကပုံမှာပြထားတဲ့ ပလပ်တွေက နိုင်ငံအသီးသီးမှာ အသုံးပြုကြတဲ့ပလပ်တွေပါ။ အဲဒီနိုင်ငံမှာ သုံးမယ့်
ပစ္စည်းတွေကိုလဲ အဲဒီလိုပလပ်ခေါင်းတွေနဲ့ပဲထုတ်လုပ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အဲဒီလို
စနစ်တကျမသတ်မှတ်ထားသေးတော့ အဆင်ပြေသလိုသုံးရတာပေါ့။ ပလပ်ပေါက်အစုံပါတဲ့ Adapter တွေနဲ့ သုံးကြပါတယ်။ ဂျပန်နိုင်ငံမှာပဲ သုံးဖို့ ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကို အခြားနိုင်ငံတွေရင် သတိထားရပါတယ်။ ဘာလို့လဲဆိုတော့ ဂျပန်က ဗို့အား ၁၀၀ပဲအသုံးပြုတာပါ။ အဲဒီပစ္စည်းကို ဗို့အား ၂၂၀ သုံးတဲ့ စင်ကာပူမှာလို လာသုံးရင် မိမိရဲ့ပစ္စည်းကတော့ လောင်ပြီသာမှတ်ပေတော့။ အလုပ်မှာလဲ အဲလိုဖြစ်ပေါင်းများပြီ. သတိလွတ်လွတ်သွားလို့..း)။ ဒါပေမယ့် ၁၀၀-၂၄၀ ပြထားရင်တော့ ဘယ်မှာမဆို သုံးရအဆင်ပြေပါတယ်။ ကဲ မိတ်ဆွေတို့ Electronic ပစ္စည်းတွေကို ဈေးကွက်ထဲရောက်အောင် ဘယ်လို
စစ်ဆေးခဲ့ရတယ်၊ နိုင်ငံတခုချင်းစီရဲ့ စံနှုန်းကွာခြားချက်တွေ ဘယ်လိုရှိတယ်ဆိုတာကို ဒီပိုစ့်ကနေ အနဲအကျဉ်းတော့ သိလောက်ပြီထင်ပါတယ်။ ဒါက ကျွန်တော် သိသလောက် တတ်သလောက်ပြန် ဖြန့်ဝေတာပါ။ စာဖတ်သူတို့တွေလဲ ကော်မန့်ဘောက်စ်မှာ ရှယ်နိုင်ပါတယ်။ Sharing is Caring မဟုတ်လား..း)။ 


Tuesday, January 31, 2012

ဘလော့ပေ့ခ်ျ ဖုန်ခါခြင်း... :P

ဘလော့မရေးဖြစ်တာ ၂လတောင်ကျော်သွားပြီ။ ဘာလို့မရေးဖြစ်လဲဆိုတော့ အဓိကဆင်ခြေက ပျင်းနေတယ်လို့
ပြောရမှာပဲ။ ပိုစ့်မတင်ဖြစ်လဲ ဘလော့တွေတော့ဝင်ဖတ်ဖြစ်တယ်။ လွန်ခဲ့တဲ့ ၂လအတွင်း ခရီးကလဲ ၂ခါလောက်
ထွက်ဖြစ်နေတော့ ဘလော့ရေးဖို့အာရုံမရောက်တာလဲပါပါတယ်။ ခုတော့ အချိန်လေးရတုန်း ရေးမယ်ဆိုတော့
ဘာရေးရမလဲမသိဘူး။ ကိုယ့်ဘလော့က ဖုန်တွေတက်နေပြီ။ စီဘောက်စ်ကိုလဲ တော်တော်ရှင်းလိုက်ရ
တယ်။ ဒါကြောင့်လဲ ဒီပို့စ်ကို ဘလော့ ဖုန်ခါခြင်းလို့ပဲ ပေးလိုက်တော့တယ်...း)။

ဇန်န၀ါရီ ၁၄ရက် မြန်မာပြည်ပြန်တယ်။ ကံဆိုးတယ်လို့ပဲပြောရမလားမသိဘူး။ မပြန်ခင် သောကြာနေ့က ၁၃ရက်လူတွေမကြိုက်တဲ့နေ့။ မန်နေဂျာက တစ်ရုံးလုံးကို 5S သန့်ရှင်းရေးအကြီးအကျယ်လုပ်မယ်ဆိုပြီး ကြွေးကြော်တယ်။ရုံးမှာက ယောကျာ်းဆိုလို့ သူရယ် ကိုယ်ရယ် ၂ယောက်ထဲကျန်တော့တာ။ ကိုယ်နဲ့ ကျန်တဲ့ မိန်းကလေးတသိုက်ပဲ ချွေးပြိုက်ပြိုက်ကျအောင် လုပ်။ သူက ကားလေးနဲ့အပြင်ကိုထွက်သွားသေး။ ဒါတောင် အားဂျန့်အလုပ်ကပေါ်လာသေး။ အဲဒါနဲ့ ငါပဲလုပ်ပေးလိုက်ပါ့မယ် ကျန်တဲ့လူတွေက ဆက်ရှင်းလင်းကြပါစေဆိုပြီး လုပ်တာ ညနေ၅ ခွဲအိမ်ပြန်ချိန်ထိ ချွေးတသီးသီးနဲ့လုပ်။ မနက်ဖြန် မြန်မာပြန်ရမယ့် အပျော်စိတ်လေးတောင်မကပ်အားဘူး။
ဒါတင်ပဲလားဆိုတော့ မပြီးသေးဘူး။ ရန်ကုန်ရောက်တော့ လေဆိပ်ကအထွက်၊ သူငယ်ချင်းတွေက လာကြိုပြီး
ဟိုတယ်ကို ကားငှါးစီးသွားတာ။ လှည်းတန်းလမ်းဆုံရောက်တော့ မီးပွိုင့်မိတယ်။ သိတဲ့အတိုင်း လှည်းတန်းမီးပွိုင့်
မိရင် တရေးတမောအိပ်ပြီးစောင့်နေလို့ရတယ်။ မီးစိမ်းတော့ ကားဆရာက စက်နှိုးတယ်။ မရဘူး။ သူလဲ ကြိုးစား
တယ်။ မရဘူး။ နဲနဲကြာတော့ ဂိတ်က ခေါင်းဖြူတယောက် လာပြီး ဘေးကိုကပ်ထားပေးပါဆိုပြီး လာပြောတယ်။
စက်နှိုးမရတော့ တွန်းရမှာလားဆိုပြီး သူငယ်ချင်းတွေက တယောက်ကိုတယောက်ကြည့်ပြီးပြော၊ ရယ်လဲရယ်
ချင်ချင်..း)။ တယောက်ကပြောသေး 'မင်းကွာ တော်တော်ကံကောင်းတဲ့ကောင်၊ ရန်ကုန်ရောက်တာတောင်
နာရီဝက်မရှိသေးဘူး။ ကားတွန်းရပြီ' တဲ့လေ။ သူငယ်ချင်းတွေက ဟားကြ။ ဒါနဲ့ပဲ ကားပြောင်းငှါးလိုက်ရတယ်။
အဲဒီနေ့က ရှိုးစမိုးအပြည့်နဲ့ အထုတ်တွေနဲ့ ကားတွန်းနေတဲ့ လူတသိုက်ကိုလမ်းဆုံမှာတွေ.ခဲ့ရင် ဘယ်သူလဲဆို
တာ သိကြပြီထင်တယ်..း)။ အဲဒီတခုတော့ တော်တော်လေးကိုအမှတ်တရဖြစ်သွားတယ်။ လူတွေက ကွက်ကြည့်
ကွက်ကြည့်နဲ့ ရှက်ရကောင်းမှန်းလဲမသိ။ တယောက်ထဲဆိုရင် ရှက်မိမှာတော့ အမှန်ပဲ။ သူငယ်ချင်းတွေနဲ့ဆိုတော့လဲ ခပ်ပြောင်ပြောင်ပဲ။

ရန်ကုန်မပြန်ခင်ကတော့ ဘာတွေစားမယ် ဘာတွေလုပ်မယ်လို့စီစဉ်ထားတာတွေ မလုပ်ဖြစ်လိုက်ဘူး။ ပုံလဲ
ကောင်းကောင်းမရိုက်နိုင်ခဲ့။ ကိုယ်ကပဲ အဲလိုအကျင့်မရှိလို့လားမသိဘူး။ ကင်မရာတကိုင်ကိုင်နဲ့ လူတွေကြည့်မှာ
ကို တော်တော်ရှက်တဲ့လူ။ ဒါတောင် ဓနုဖြူဒေါ်စောရီမှာ နေ့လယ်စာစားတုန်း ဓါတ်ပုံရိုက်တာ အပြောခံရသေးတယ်။ မင်းတို့စင်ကာပူကကောင်တွေ ဘာစားစားရိုက်တာပဲလားတဲ့ဗျာ။ စားပွဲထိုးကလဲ ပြုံးစိစိနဲ့
ဆိုတော့ ဆက်မရိုက်ရဲတော့ဘူး။ အင်း.. သူများတွေလို သတ္တိမွေးရဦးမှာပါလား..း)။







မြစ်ကြီးနား ဆုတောင်းပြည့်စေတီတော်။ လူမပါတဲ့ပုံက ခပ်ရှားရှား..ရှိတဲ့ပုံကိုရှာတင်လိုက်ရတယ်..း)။

မြစ်ကြီးနားမြို.ရဲ့ ပင်လယ်ကွေ.ကချင်ရိုးရာထမင်းဆိုင်က ကြက်သားကချင်ချက်။


ဆုတောင်းပြည့်လျောင်းတော်မူဘုရားကြီး။ ဘုရားပုံသန့်သန့်မရှိလို့ လူပါတဲ့ပုံကိုပဲတင်လိုက်တယ်.. ပုဆိုးပြာရှပ်ဖြူဖြူနဲ့က......း)။


ပင်လယ်ကွေ.ဆိုင်ကနေ လှမ်းမြင်ရတဲ့ ဧရာဝတီမြစ်။ ဆိုင်ရဲ့အောက်မှာ ဟင်းရွက်ခင်းစိုက်ထားတာတွေ.ရတယ်။


သူငယ်ချင်းတယောက်က ဓါတ်ပုံရိုက်ပေးမယ်ဆိုတာနဲ့ အမှတ်တရ မြစ်ကမ်းမှာရိုက်လိုက်တယ်။ Reflector,
flast light တွေဘာတွေနဲ့ ဟုတ်လို့ပဲ..။။ မော်ဒယ်တွေက ပို့စ်မပေးတတ်၊ အတောင့်လိုက်ကြီးရပ်ပြီ အရိုက်ခံ၊ ကိုယ့်အလည့်သာ ပို့စ်မပေးတတ်တာ၊ တခြားတယောက်အရိုက်ခံတော့ ဘယ်လိုရပ်၊ ဘယ်လိုနေဆိုပြီး ပြောပေးကြနဲ့ တကယ့်ကို အမှတ်တရဖြစ်ခဲ့တယ်။ reflector ကိုကွယ်ပြီးနေရိပ်ခိုနေကြ
လို့ ကင်မရာဆရာက ဟောက်သေး...။ ဒီပုံကိုမတင်နဲ့လို့ အရိုက်ခံနေတဲ့သူငယ်ချင်းကပြောထားတာ.. သူမသိ
အောင် ခိုးတင်လိုက်တယ်..း)။

ကင်မရာအိတ်နဲ့ စတိုင်ကျနေတာ...။


နှစ်ကူးတော့ အိမ်မှာ ချက်ဖြစ်တဲ့ဟင်းတမယ်။ ဟင်းလျာကောင်းတမယ်မဟုတ်ပေမယ့် အိမ်သားတွေစုပေါင်း
ချက်တဲ့ ဟင်းပွဲလေးဆိုတော့ အရသာရှိတယ်။ ယူနန်ဖက်က တရုတ်တွေရဲ့အယူ အရတော့ နှစ်ကူးမှာ
အမျိုးသားတွေက မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်ရတယ်တဲ့။ အမျိုးသမီးများ မီးဖိုချောင်မ၀င်ရဆိုပဲ။ ခုထိလဲ တချို.နေရာတွေမှာ ကျင့်သုံးနေကြဆဲပါပဲ။ ကျွန်တော့အိမ်မှာတော့ ယောကျာ်းတွေသာ မီးဖိုချောင်ထဲဝင်
ထမင်းချက်ရရင် နှစ်သာကူးပြီးသွားမယ် စားလိုက်ရမှာမဟုတ်ဘူး။..း)

ဒေါ်ခန်းရင် ကချင်ပုဆိုး

မြစ်ကြီးနားမှာ ပယင်းလုပ်ငန်းက တော်တော်လေး တွင်ကျယ်နေတယ်။ တရုတ်ပြည်ဖက်ကို ရောင်းကြတယ်။
သူက ကျောက်တမျိုးဆိုပေမယ့် လေးလဲ မလေး။ ကိုယ်နဲ့အတူဆောင်ထားရင် နှလုံး၊ သွေးအတွက် ကောင်းတယ်
လို့ပြောကြတယ်။ များသောအားဖြင့် ရတနာတခုအနေနဲ့ သုံးကြတယ်။ အချွန်နဲ့က အဖေ့လက်ဆောင်။
ငါးကောင် ပုံစံထုဆစ်ထားတာက အကို့ဆီကလက်ဆောင်။ ငါးလို့သာပြောတာ ဘာကောင်နဲ့တူလဲတော့မသိဘူး။
ဒီမှာက မဆွဲဖြစ်တော့ အမှတ်တရအနေနဲ့သိမ်းထားရုံကလွဲပြီး ဘာမှလုပ်လို့မရဘူး။

မြစ်ကြီးနားကထွက်တဲ့ ဆားမုန့်။ေ၇ွှနှင်းဆီက မူလလက်ဟောင်း။ ရင်ရင်က ခေတ်သစ်ဆားမုန့်။ ဘူးလေးနဲ့
ဆိုတော့ လက်ဆောင်ပေးလို့ကောင်းတာပေါ့။
ဓါတ်ပုံများများမရှိတော့ ခရီးသွားပို့စ်က အပိုင်းဆက်တွေနဲ့ မရေးနိုင်တော့ဘူး။ နောက်တပို့စ်မှာတော့
ကေအယ်လ်ခရီးစဉ်ကို ရေးပါမယ်။